Google က Web ရဲ့ Gmail မှာ “Help me write” ကို ထည့်သွင်းပေးလိုက်ပြီး သုံးစွဲသူတွေဟာ Gemini AI ကို အသုံးပြုပြီး အီးမေး ရေးတာ ၊ ပြင်တာတွေ ပြုလုပ်နိုင်ပါတယ်။ မိုဘိုင်းမှာလိုပဲ သုံးစွဲသူတွေဟာ Gmail မှာ Blank Draft ကို ဖွင့်တဲ့အခါ အဲဒီ Feature ကို အသုံးပြုဖို့ အသိပေးစာပေါ်လာမှာပါ။

What is the new Gemini AI feature in Gmail? | H2K Infosys Blog

Google ရဲ့ “Help me write” ဟာ အီးမေး ရေးပေးနိုင်တဲ့အပြင် အီးမေး ကို အတိုချုံ့တာနဲ့ ဖော်မက်ချပေးတာတွေကိုပါ ပြုလုပ်ပေးနိုင်ပါတယ်။

Introducing Gemini: Google's most capable AI model yet

Google က “Help me write” Toolset ထဲမှာ “Polish” Option အတွက် Shortcut ကိုလည်း ထည့်သွင်းပေးလိုက်ပြီး စာလုံး ၁၂ လုံးထက် ကျော်တဲ့ အီးမေးတွေမှာ ပေါ်လာမှာ ဖြစ်ပါတယ်။ Web ရဲ့ Gmail မှာ သုံးစွဲသူတွေဟာ အဲဒီ Shortcut ကို နှိပ်ပြီး သို့မဟုတ် Ctrl+H ကို နှိပ်ပြီး လျှင်မြန်စွာ အသုံးပြုနိုင်ပါတယ်။

မိုဘိုင်းမှာ အဲဒီ Option ဟာ လက်ရှိ “Refine my draft” Shortcut ကို အစားထိုးမှာ ဖြစ်ပါတယ်။ App မှာ “Polish” Shortcut ကို Swipe လုပ်လိုက်တာနဲ့ အီးမေးကို အလိုအလျှောက် ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေဟာ Google ရဲ့ တခြား AI Editing Tools တွေနဲ့ အီးမေးကို ပြင်ဆင်နိုင်ပါသေးတယ်။

Google က Web မှာ “Help me write” နဲ့ “Polish” Shortcut ကို တစ်ကမ္ဘာလုံးအတွက် တိုးချဲ့ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

Ref : theverge