Google က နိုင်ငံအသစ် ၁၂၀ အတွက် Search မှာ Generative AI ကို ထည့်သွင်းပေးလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ Search Generative Experience (SGE) ကို နိုင်ငံတကာအတွက် အကြီးမားဆုံး ဖြန့်ချိပေးလိုက်တာပါ။

Google brings Generative AI in search to 120 new countries and territories

SGE ကို အစပိုင်းက အမေရိကန် တစ်နိုင်ငံထဲမှာပဲ အသုံးပြုလို့ရခဲ့ပြီး နောက်ပိုင်းမှာ ဂျပန်နဲ့ အိန္ဒိယအတွက် ဖြန့်ချိပေးလိုက်ပါတယ်။ အခုတော့ မက္ကဆီကို၊ ဘရာဇီး၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ နိုင်ဂျီးရီးယား၊ ကင်ညာနဲ့ တောင်အာဖရိကတို့ အပါအဝင် နိုင်ငံများစွာမှာ သုံးနိုင်ပါပြီ။

အဲဒီ နိုင်ငံတွေမှာ ဒတ်စတော့က Chrome ရဲ့ Search Labs ထဲမှာ SGE ကို Enable လုပ်နိုင်ပါတယ်။ မကြာခင် Android နဲ့ iOS က Google App မှာ အသုံးပြုနိုင်မှာပါ။

Generative AI in Search: Your New BFF for Finding Answers and Asking Awkward Questions – webkodkod.com

Google က စပိန်၊ ပေါ်တူဂီ၊ ကိုရီးယားနဲ့ အင်ဒိုနီးရှား ဘာသာစကားတွေကိုလည်း ထောက်ပံ့ပေးလိုက်ပါတယ်။

SGE ကို သုံးရင် Search Results Page ကနေ Follow-up မေးခွန်းတွေကို မေးမြန်းနိုင်လာပါတယ်။ အကြောင်းအရာ တစ်ခုကို ရှာဖွေတဲ့အခါမှာ သင့်ရဲ့ အရင်က မေးခွန်းတွေ၊ ရှာဖွေမှု ရလဒ်တွေကိုပါ ပြသပေးပါတယ်။ အဲဒီ Update ကို လာမယ့် ရက်သတ္တပတ်တွေအတွင်း စတင် ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။

Coding နဲ့  ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ရှာဖွေမှုတွေ ပြုလုပ်ရင် တချို့ စကားလုံးတွေကို Highlight လုပ်ပေးမှာ ဖြစ်ပြီး အဲဒီစကားလုံးတွေအပေါ်ကို Hover လုပ်ရင် အဓိပ္ပါယ်နဲ့ သက်ဆိုင်တဲ့ ဓါတ်ပုံတွေကို ပြသပေးမှာပါ။ အဲဒီ Update ကို နောက်လမှာ ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena