Google ဟာ သူ့ရဲ့ Social network လို့ဆိုရမယ့် Google Plus ကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလတုန်းက ပိတ်ချခဲ့တယ်ဆိုပေမယ့် လက်ရှိအချိန်မှာတော့ G Suit အသုံးပြုသူတွေအတွက် ဆက်ပြီးရှိနေတုန်းပါပဲ။ လာမယ့်လမှာတော့ Google Plus ကို Google Currents က သိမ်းယူလိုက်မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
Google အနေနဲ့ Google Plus ကို လုံးဝကြီး ဖျက်ဆီးပစ်လိုက်ဖို့ စီစဉ်ထားပုံမရပါဘူး။ လုံခြုံရေးအားနည်းချက်အချို့ကို ရှာတွေ့ပြီးတဲ့နောက် လုပ်ငန်းစဉ်က ပိုပြီးမြန်ဆန်လာပါတယ်။ များမကြာမီနောက်ပိုင်းမှာ Currents ကို ပွဲထုတ်လာပြီး ဝန်ထမ်းတွေကို တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပါယ်ပြည့်ပြည့်ဝဝ ဆက်သွယ်နိုင်ဖို့ စီစဉ်နိုင်ခဲ့ပါတယ်။
အစောပိုင်းအချိန်တွေတုန်းက Beta အနေနဲ့ ဖြန့်ချိခဲ့ပေမယ့် G Suite အသုံးပြုသူတွေအတွက် ဖြန့်ချိပေးဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း The Verge က ဖော်ပြခဲ့ဖူးပါတယ်။ Google Plus အတွက် G Suite Posts တွေကိုလည်း Currents ဆီ အလိုအလျောက် ပြောင်းရွှေ့ပေးသွားမှာဖြစ်သလို URLs အားလုံးကလည်း Currents ကို ပြန်သွားမှာလည်း ဖြစ်ပါတယ်။
ဒါကြောင့် Currents ဟာ G Suite အတွက် Google Plus နေရာမှာ အစားထိုးပေးမယ်ဆိုတာ ထင်သာမြင်သာရှိနေပါပြီ။ G Suite Administrators က ခွင့်ပြုချက်ပေးလိုက်တာနဲ့တစ်ပြိုင်နက် G Suite အသုံးပြုသူတွေဟာ Currents ကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာတစ်ခုကတော့ Currents ဟာ Google Plus ထက် ပိုကောင်းလား၊ မကောင်းဘူးလားဆိုတဲ့ အဖြေပဲ ဖြစ်ပါတယ်။
Ref: Phone Arena