Google Drive ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံး Cloud Storage တစ်ခုဖြစ်ပြီး Google Account ရှိတဲ့သူတိုင်း အသုံးပြုနိုင်တာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Google Account တစ်ခုကို Storage 15GB ပေးထားပြီး တကယ်လို့ ထပ်မံဝယ်ယူချင်တယ်ဆိုရင်လည်း ဝယ်ယူအသုံးပြုနိုင်တာဖြစ်ပါတယ်။ Google ကနေ Gmail အပြင် Google Photos လိုမျိုး Service တွေအကုန်လုံးနီးပါးကလည်း Google Account Storage ကိုပဲ ရယူသုံးစွဲနေတာဖြစ်ပါတယ်။

ဒီလိုမျိုး ကိုယ်က Google Drive မှာ File တွေကို သိမ်းထားတတ်တယ်ဆိုရင် အခုအချိန်မှာတော့ Google ကနေ အသုံးဝင်တဲ့ Feature တစ်ခုကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ Google Drive က File တွေအကုန်လုံးကို Offline အနေနဲ့ အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။

Google Drive Offline Access On The Web

အခုလိုမျိုး Google Drive မှာ Offline Mode အနေနဲ့ အသုံးပြုနိုင်ပြီဖြစ်တာကြောင့် အင်တာနက်ရရှိနေတဲ့အချိန်မှာ Offline အနေနဲ့ အသုံးပြုချင်တဲ့ File တွေကို Right Click ထောက်ပြီး “Available Offline” ဆိုတဲ့ Option ကို Enable ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး ပြုလုပ်ပြီးရင်တော့ အင်တာနက်မရှိတဲ့အချိန်မှာ အဆိုပါ File တွေကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Google ဟာ ပုံမှန်အားဖြင့် Docs ၊ Sheets နဲ့ Slides စတဲ့ Service တွေမှာ Offline Mode ကို ရရှိနေပြီဖြစ်ပြီး အခုအချိန်မှာတော့ Google Drive တစ်ခုလုံးမှာပါ Offline Mode အနေနဲ့အသုံးပြုနိုင်တာဖြစ်ပါတယ်။ Offline Mode ဟာ Download ပြုလုပ်တာနဲ့ မတူညီတာကြောင့် Google Drive က File တွေကို သိမ်းထားချင်တယ်ဆိုရင်တော့ Download ပြုလုပ်ဖို့ လိုအပ်ဦးမှာပါ။

Google ရဲ့ ပြောကြားချက်အရတော့ ယခု Feature ကို Personal နဲ့ Business Account ရှိတဲ့သူတိုင်းအတွက် ထုတ်ပေးသွားမှာဖြစ်ပြီး တကယ်လို့ Office Setup အနေနဲ့ အသုံးပြုနေတယ်ဆိုရင်တော့ Admin ကနေ Access ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မတိုင်ခင်မှာတော့ လူတိုင်းအသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Ref – Android Central