Google ဟာ ယခုနှစ်အတွက် Flagship စမတ်ဖုန်းဖြစ်တဲ့ Pixel 5 ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Pixel 5 က Google အတွက် Flagship Processor အစား Mid Range Snapdragon 765G Processor ကို အသုံးပြုထားတဲ့ ပထမဆုံး ဖုန်းလည်းဖြစ်ပါတယ်။

အဲ့ဒီအတွက် Google Pixel 5 ဟာ စျေးနှုန်းအနေနဲ့ မနှစ်က Pixel 4 ထက်တောင် ပိုသက်သာတဲ့ $699 နဲ့ ရောင်းချသွားမှာပါ။ ဒါက Pixel 5 ကို လက်ရှိအကောင်းဆုံး Flagship ဖုန်းတွေထက် High End နဲ့ Mid Range စမတ်ဖုန်းစျေးကွက်ထဲမှာ ပိုပြီးယှဥ်ပြိုင်ရမယ့်ပုံစံဖြစ်သွားပါတယ်။

Google ကလည်း အခုလိုမျိုး Flagship Specs မဟုတ်တော့တဲ့ Pixel 5 ကို ရောင်းအားကောင်းဖို့မျှော်လင့်ထားပုံမရပါဘူး။ ဘာကြောင့်လဲဆိုရင် Nikkei Asia ရဲ့ ပြောကြားချက်အရ Google ဟာ ယခုနှစ်အတွက် Pixel 5 အလုံးရေ ၈ သိန်းပဲရောင်းချရဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။ ဒါက တခြားသော Flagship စမတ်ဖုန်းတွေနဲ့ယှဥ်ရင် သိသိသာသာကို နည်းပါးတဲ့ပမာဏတစ်ခုဖြစ်ပါတယ်။

Google Pixel 5 စမတ်ဖုန်းဟာ Qualcomm Snapdragon 765G ၊ 8GB RAM နဲ့ 128GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Camera အနေနဲ့ 12.2MP Primary Sensor အပြင် 16MP Ultrawide Sensor ကိုပါထည့်သွင်းလာသလို 8MP Selfie Camera ကိုလည်း Punch-hole Design ပြုလုပ်ပေးထားပါတယ်။ Display အနေနဲ့ 6″ 90Hz Full HD+ OLED Display ပါဝင်မှာဖြစ်ပြီး Battery အနေနဲ့လည်း 4080mAh ပါဝင်မှာဖြစ်ပါတယ်။ Aluminum Chassis ကို အသုံးပြုထားပေမယ့် Wireless Charging အပြင် Reverse Wireless Charging ကိုပါ Support ပြုလုပ်မှာပါ။

Ref – GSM Arena