Google Pixel 6 နဲ့ Pixel 6 Pro ဖုန်းတွေဟာ Google အတွက် ပထမဆုံးအနေနဲ့ ကိုယ်ပိုင် Tensor Chip ကို အသုံးပြုပြီးထုတ်လုပ်ထားတဲ့ Flagship ဖုန်းတွေဆိုရင်လည်း မမှားပါဘူး။ အခုလိုမျိုး Qualcomm Snapdragon အစား ကိုယ်ပိုင် Chipset ကို ပြောင်းလဲအသုံးပြုတယ်ဆိုပေမယ့် Pixel 6 Series ဖုန်းတွေဟာ Camera ပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းမှာ အကောင်းဘက်ကနေ ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း တချို့သော Bug တွေနဲ့ Error တွေဟာ Google Pixel 6 Series ဖုန်းတွေမှာ လက်ရှိအချိန်အထိ ကြုံတွေ့နေရတုန်းပဲဖြစ်ပါတယ်။ အဆိုပါ Error ထဲမှာ Fingerprint Sensor နှေးကွေးတာ၊ ဖုန်းက လိုအပ်တာထက်ပိုပြီး Heat တက်တာမျိုးတွေပါဝင်နေတာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Pixel 6 ဖုန်းတချို့မှာ ကိုယ်က ဘာမှပြုလုပ်ခြင်းမရှိပေမယ့် ဖုန်း Contact ထဲမှာရှိတဲ့ Contact တွေကို ဖုန်းခေါ်ဆိုမိနေတဲ့ Bug လည်းရှိ‌ေနတာဖြစ်ပါတယ်။ ဒါက Google App ရဲ့ Bug တစ်ခုဖြစ်ပြီး Google Assistant ကို အသုံးပြုတဲ့အချိန်မှာ မှားယွင်းပြီး တချို့သောသူတွေရဲ့ ဖုန်းနံပါတ်ကို Contact ကတစ်ဆင့် ခေါ်ဆိုမိနေတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google ကနေ Google App ကို Update ပြုလုပ်ပေးလိုက်ပြီဖြစ်ပြီး အဆိုပါ ပြဿနာကိုလည်း ဖြေရှင်းပေးလိုက်ပြီလို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒါကြောင့် Google Pixel 6 ကို အသုံးပြုနေပြီး အခုလိုမျိုး Error ကို ကြုံတွေ့နေရတယ်ဆိုရင် အခုပဲ Google App ကို Update ပြုလုပ်သင့်ပါတယ်။

Ref – Engadget