[Unicode]
Google ရဲ့ ဖိုက်ဘာ အင်တာနက်လိုင်း ပြတ်တောက်မှုတွေ ဥရောပ၊ အီရန်နဲ့ တူရကီမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖြစ်ပွားခဲ့ပါတယ်။ ဖိုက်ဘာကြိုးများစွာ တစ်ချိန်ထဲမှာ ပြတ်တောက်သွားတာ ဖြစ်ပြီး လိုင်းပြတ်ချိန်ဟာ ၂ နာရီခန့် ကြာမြင့်ခဲ့ပါတယ်။ Google က အဲဒီ တည်နေရာတွေမှာ သူ့ရဲ့ ဝန်ဆောင်မှုတွေဟာ မိနစ် ၃၀ လောက် ပြတ်တောက်သွားတယ်လို့ ပြောပါတယ်။
Google က အဲဒီ ပြဿနာကို ဖြေရှင်းနိုင်အောင် တခြား ဆာဗာတွေကို ပြောင်းလဲ ချိတ်ဆက်ဖို့ Internet Service Provider တွေကို ညွှန်ကြားခဲ့ပါတယ်။ ကုမ္ပဏီက ဖိုက်ဘာကြိုးများစွာ တစ်ပြိုင်နက် ပြတ်တောက်သွားခဲ့ပြီး ဒါဟာ အရမ်းကို ရှားပါးတဲ့ ဖြစ်ရပ်ပါလို့ ပြောပါတယ်။ BBC Monitoring က ဘူလ်ဂေးရီးယား၊ အီရန်နဲ့ တူရကီတို့မှာ ကြာသပတေး မနက်ပိုင်းက ၂ နာရီလောက် လိုင်း ပြတ်တောက်သွားတယ်လို့ ပြောပါတယ်။
Iran ရဲ့ Communications Infrastructure Company က ဒါရိုက်တာ Sadjad Bonabi က တစ်ချိန်ထဲမှာ ၂ လိုင်း ပြတ်တောက်သွားပြီး ၁ လိုင်းက အီရန်နဲ့ ဘူချာရက်စ် ကြားနဲ့ နောက် ၁ လိုင်းက မြူးနစ်ကို သွယ်ထားတဲ့ နေရာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ ဒေသက အဓိက ဖိုက်ဘာကြိုးတွေထဲက ၁ ခု ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Bonabi က အီရန် အနောက်နဲ့ တောင်ပိုင်းက အားကောင်းတဲ့ လိုင်းတွေကနေ ပြန်ချိတ်ဆက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဖိုက်ဘာကြိုးတွေ ပြတ်ရတဲ့ အကြောင်းအရင်းကို မသိရသေးပါဘူး။ Google က လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ ပြဿနာရဲ့ အသေးစိတ်သတင်းအချက်အလက်တွေကို ကြေညာမယ်လို့ ပြောပါတယ်။ အရင်တုန်းက နိုင်ငံတကာ အင်တာနက် ကြိုးတွေကို မတော်တဆ ဖြတ်တောက်မိတဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။
Ref : bbc
[Zawgyi]
Google ရဲ႕ ဖိုက္ဘာ အင္တာနက္လိုင္း ျပတ္ေတာက္မႈ ျဖစ္ပြားခဲ့
Google ရဲ႕ ဖိုက္ဘာ အင္တာနက္လိုင္း ျပတ္ေတာက္မႈေတြ ဥေရာပ၊ အီရန္နဲ႔ တူရကီမွာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ျဖစ္ပြားခဲ့ပါတယ္။ ဖိုက္ဘာႀကိဳးမ်ားစြာ တစ္ခ်ိန္ထဲမွာ ျပတ္ေတာက္သြားတာ ျဖစ္ၿပီး လိုင္းျပတ္ခ်ိန္ဟာ ၂ နာရီခန္႔ ၾကာျမင့္ခဲ့ပါတယ္။ Google က အဲဒီ တည္ေနရာေတြမွာ သူ႔ရဲ႕ ၀န္ေဆာင္မႈေတြဟာ မိနစ္ ၃၀ ေလာက္ ျပတ္ေတာက္သြားတယ္လို႔ ေျပာပါတယ္။
Google က အဲဒီ ျပႆနာကို ေျဖရွင္းႏုိင္ေအာင္ တျခား ဆာဗာေတြကို ေျပာင္းလဲ ခ်ိတ္ဆက္ဖို႔ Internet Service Provider ေတြကို ညႊန္ၾကားခဲ့ပါတယ္။ ကုမၸဏီက ဖိုက္ဘာႀကိဳးမ်ားစြာ တစ္ၿပိဳင္နက္ ျပတ္ေတာက္သြားခဲ့ၿပီး ဒါဟာ အရမ္းကို ရွားပါးတဲ့ ျဖစ္ရပ္ပါလို႔ ေျပာပါတယ္။ BBC Monitoring က ဘူလ္ေဂးရီးယား၊ အီရန္နဲ႔ တူရကီတို႔မွာ ၾကာသပေတး မနက္ပိုင္းက ၂ နာရီေလာက္ လိုင္း ျပတ္ေတာက္သြားတယ္လို႔ ေျပာပါတယ္။
Iran ရဲ႕ Communications Infrastructure Company က ဒါရိုက္တာ Sadjad Bonabi က တစ္ခ်ိန္ထဲမွာ ၂ လိုင္း ျပတ္ေတာက္သြားၿပီး ၁ လိုင္းက အီရန္နဲ႔ ဘူခ်ာရက္စ္ ၾကားနဲ႔ ေနာက္ ၁ လိုင္းက ျမဴးနစ္ကို သြယ္ထားတဲ့ ေနရာ ျဖစ္တယ္လို႔ ေျပာပါတယ္။ အဲဒီ ေဒသက အဓိက ဖိုက္ဘာႀကိဳးေတြထဲက ၁ ခု ျပတ္ေတာက္သြားခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ Bonabi က အီရန္ အေနာက္နဲ႔ ေတာင္ပိုင္းက အားေကာင္းတဲ့ လိုင္းေတြကေန ျပန္ခ်ိတ္ဆက္ႏုိင္ခဲ့တယ္လို႔ ေျပာပါတယ္။
ဖိုက္ဘာႀကိဳးေတြ ျပတ္ရတဲ့ အေၾကာင္းအရင္းကို မသိရေသးပါဘူး။ Google က လာမယ့္ ရက္သတၱပတ္ေတြအတြင္းမွာ ျပႆနာရဲ႕ အေသးစိတ္သတင္းအခ်က္အလက္ေတြကို ေၾကညာမယ္လို႔ ေျပာပါတယ္။ အရင္တုန္းက ႏုိင္ငံတကာ အင္တာနက္ ႀကိဳးေတြကို မေတာ္တဆ ျဖတ္ေတာက္မိတဲ့ ျဖစ္ရပ္လည္း ရွိခဲ့ပါတယ္။
Ref : bbc