Google ဟာ မကြာခင်ကပဲ Android ဟန်းဆက်တွေအတွက် တိုးတက်တဲ့စွမ်းဆောင်မှုတွေနဲ့ Update တွေထုတ်ပေးခဲ့ပြီး Pixel ဖုန်းတွေအတွက်လည်း Features သစ်တွေကို ကြေညာပေးခဲ့ပါသေးတယ်။ အခုတော့ iOS device က သူ့ရဲ့ Apps တွေအတွက် အရေးကြီးတဲ့ Updates တွေ ထုတ်ပေးတော့မယ်လို့ သိရပါတယ်။

အကယ်၍ User တစ်ဦးဟာ “iPhone device/Google apps” ကို ပူးတွဲပေါင်းစပ်အသုံးပြုနေတယ်ဆိုရင်၊ ဒီ Apps တွေရဲ့ အချို့သောလုပ်ဆောင်ချက်တွေဟာ Android နဲ့နှိုင်းယှဉ်လိုက်ရင် သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းအဆင့်ကို အပြည့်အဝမရနိုင်ဘူးလို့ ဆိုရပါမယ်။

ဒါပေမဲ့လည်း Google ဟာ ဒီလထဲမှာ ကုမ္ပဏီရဲ့ Apps အချို့ကို တိုးတက်တဲ့ကောင်းမွန်မှုအချို့ ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် iOS သုံးသူတွေအတွက် Google Translate widget အသစ်ပါ။ ဒါဟာ ဓာတ်ပုံတစ်ပုံရိုက်ယူပြီး စာသားကို ဘာသာပြန်ဖို့၊ ဒါမှမဟုတ် ဘာသာစကားနှစ်ခုကို Conversation mode to chat လုပ်ရာမှာ ပိုပြီးတော့ လွယ်ကူသွားစေမှာ ဖြစ်ပါတယ်။

iPhone သုံးသူတစ်ဦးအနေနဲ့ သူ့ရဲ့ဘာသာစကားစွမ်းရည်ကို မြှင့်တင်ချင်တယ်ဆိုရင် iPhone Home Screen မှာ Google Translate widget တစ်ခုထားရှိလိုက်တာက အင်မတန်ကို အထောက်အကူဖြစ်လာပါလိမ့်မယ်။ iPad အသုံးပြုနေတယ်ဆိုရင်လည်း Google Drive အတွက် XL widget အသုံးပြုနေတယ်ဆိုရင်လည်း လိုအပ်တဲ့ဖိုင်တွေကို ပျံသန်းနေချိန်မှာတောင် ဝင်ကြည့်လို့ရနေမှာ ဖြစ်ပါတယ်။

Widget အသစ်ဟာ iPad အတွက် အထူးဒီဇိုင်းထုတ်ထားတာဖြစ်ပြီး လာမဲ့ရက်သတ္တပတ်အတွင်း ထွက်လာမယ်လို့ ယူဆရပါတယ်။ နောက်တစ်ခုကတော့ Google ဟာ Gmail ရော Chat apps နှစ်ခုစလုံးမှာ ပေးပို့သူရဲ့ ပရိုဖိုင်ဓာတ်ပုံကို Chat notification မှာထည့်သွင်းဖို့ Update လုပ်မှာဖြစ်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ iOS ရဲ့ Focus mode ကို ဖြတ်ကျော်ပြီး အသုံးပြုဖို့အတွက်တော့ လိုအပ်တဲ့ Settings ချိန်ညှိမှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Ref: Phone Arena