Samsung ဟာ လက်ရှိအချိန်မှာ အကြီးမားဆုံးစမတ်ဖုန်းထုတ်လုပ်သူတစ်ဦးအဖြစ်နေရာယူထားတာပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Samsung ဖုန်းတွေမှာ OneUI ကို အသုံးပြုထားပြီး Galaxy App Store အပြင် Bixby AI Assistant တွေပါ Flagship ဖုန်းတွေမှာ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း Bixby AI Assistant ဟာ Google Assistant နဲ့ Apple Siri တွေထက် အားနည်းတယ်ဆိုပြီး ဝေဖန်ခံနေရတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Samsung နဲ့ Google ကုမ္ပဏီ ၂ ခုက Samsung စမတ်ဖုန်းတွေမှာ Google App နဲ့ Service တွေကိုပိုပြီး ထည့်သွင်းသွားဖို့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။ အဆိုပါ ညှိနှိုင်းမှုကနေ Samsung Flagship ဖုန်းတွေမှာပါဝင်တဲ့ Bixby Assistant ကို Google Assistant နဲ့ လုံးဝအစားထိုးသွားနိုင်တဲ့အပြင် Galaxy App Store ကိုပါ Support ပြုလုပ်မှုကို ရပ်ဆိုင်းနိုင်ဖွယ်ရှိနေပါတယ်။

Samsung ကိုယ်တိုင်က အခုလိုမျိုး Google နဲ့ ပူးပေါင်းပြီးတော့ User တွေအတွက် အကောင်းဆုံး Experience ရရှိအောင် ဆောင်ရွက်နေတယ်ဆိုတာကို အတည်ပြုသွားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ OnePlus Nord ဖုန်းကလည်း Google ရဲ့ ကိုယ်ပိုင် App တွေဖြစ်တဲ့ Google Phone ၊ Google Message ၊ Duo လိုမျိုး App တွေကိုထည့်သွင်းခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Samsung အတွက် ကိုယ်ပိုင် Bixby Assistant နဲ့ Galaxy App Store လိုမျိုး Feature တွေကို ဖယ်ရှားလိုက်ရတာက User တွေအတွက် ပိုအဆင်ပြေပေမယ့်လည်း ကုမ္ပဏီအတွက်ကတော့ Google နဲ့ ယှဥ်ပြိုင်နိုင်စွမ်းမရှိဘူးလို့ ဝန်ခံလိုက်ရတာဖြစ်ပါတယ်။

Ref – GSM Arena