Google က Gmail အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ “Gmail” လိပ်စာကို ဒေတာတွေ၊ ဝန်ဆောင်မှုတွေ ဘာမှမဆုံးရှုံးစေဘဲ ပြောင်းလဲနိုင်မယ့် စောင့်မျှော်နေကြတဲ့ feature တစ်ခုကို စတင်ဖြန့်ချိနေပါတယ်။

Google is rolling out a feature that allow users to change their Gmail address

အဲဒီ feature အသစ်နဲ့ဆိုရင် မူလလိပ်စာက alias (အမည်ကွဲ) တစ်ခုအဖြစ် အလိုအလျောက် ပြောင်းသွားမှာမို့လို့ လိပ်စာအဟောင်းရော အသစ်ဆီကိုပါ ပို့လိုက်တဲ့ အီးမေးလ်တွေက inbox တစ်ခုတည်းဆီကိုပဲ ဝင်လာမှာပါ။

Google is rolling out a feature that allow users to change their Gmail address

အသုံးပြုသူတွေက လိပ်စာနှစ်ခုထဲက ကြိုက်ရာတစ်ခုနဲ့ sign in ဝင်လို့ရပြီး အီးမေးလ်တွေ၊ အဆက်အသွယ်တွေ၊ ဓာတ်ပုံတွေ၊ Drive ဖိုင်တွေနဲ့ subscriptions တွေအပါအဝင် ဒေတာအားလုံးက မူလအတိုင်း ရှိနေမှာပါ။

Gmail လိပ်စာတွေကို ၁၂ လမှာ တစ်ကြိမ် ပြောင်းနိုင်ပြီး အကောင့်တစ်ခုက စုစုပေါင်း သုံးကြိမ်အထိပဲ ပြောင်းလဲခွင့် ရှိပါတယ်။ အဲဒီကာလအတွင်းမှာ လိပ်စာအဟောင်းကို တခြားသူတစ်ယောက်က ပြန်သုံးလို့ရမှာ မဟုတ်ပါဘူး။

အဲဒီ update ကို လောလောဆယ် Google ရဲ့ Hindi support စာမျက်နှာမှာပဲ တွေ့ရသေးတာကြောင့် India မှာ စတင်ဖြန့်ချိတာဖြစ်နိုင်ပေမယ့် ကမ္ဘာတစ်ဝန်းကို တဖြည်းဖြည်း တိုးချဲ့သွားမှာပါ။ Google ကတော့ တရားဝင် ကြေညာချက် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Ref: Technology Innovation