9to5Google က နောက်ဆုံးထုတ် Android Version မှာ “Data Restore Tool” လို့ နာမည်ပေးထားတဲ့ ကုဒ်တွေကို တွေ့ရှိခဲ့ပြီး အဲဒါဟာ Google ရဲ့ App အသစ် ၁ ခု ဖြစ်မယ်လို့ ပြောပါတယ်။ Google ဟာ iOS App Store အတွက် “Switch to Android” App ကို ဖန်တီးနေတယ်လို့ ထင်ရပြီး iOS Device သုံးနေသူတွေ Android Device ပြောင်းကိုင်ရင် ဒေတာတွေ လွယ်ကူစွာ ပြောင်းနိုင်အောင်ကူညီပေးတဲ့ App ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် iOS User တွေ Android ပြောင်းကိုင်အောင် လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။  Apple က Android အတွက် “Move to iOS” App ကို ဖန်တီးထားတဲ့အတွက် Google ကလည်း အားကျမခံ တုန့်ပြန်တာ ဖြစ်နိုင်ပါတယ်။

Google's 'Switch to Android' app for iOS will copy data, apps - 9to5Google

လက်ရှိမှာ Google က iOS ကနေ Android ကို ဒေတာတွေ ကူးပြောင်းတဲ့ နည်းလမ်းတွေကို https://www.android.com/switch/ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပြီး အဲဒီ ဒေတာတွေထဲမှာ Contacts , Calendar Events နဲ့ Photos တွေ ပါဝင်ပါတယ်။ Android Device အသစ်မှာ သင့် Google အကောင့်နဲ့ Login ဝင်လိုက်တာနဲ့အဲဒီဒေတာတွေကို ကူးပေးမှာပါ။

9to5Google က “Data Restore Tool” ကို Version 1.0.382048734 မှာတွေ့ခဲ့တာ ဖြစ်ပြီး ကုဒ်တွေထဲမှာ iOS ဒေတာတွေကို Android ဆီ ကူးပြောင်းနိုင်တဲ့ လုပ်ဆောင်ချက် အသစ်တွေ ပါဝင်ပါတယ်။ App တွေကိုတောင် ပြောင်းပေးနိုင်တဲ့ အထောက်အထားတွေတွေ့ရပါတယ်။

Google ဟာ iOS က App တွေကို Android ဆီ ဘယ်ပုံဘယ်နည်း ကူးပြောင်းပေးမလဲဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် App ဒေတာတွေ ကူးပြောင်းဖို့ မလွယ်ကူဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ အထူးသဖြင့် Paid App တွေကို ကူးပြောင်းဖို့ မဖြစ်နိုင်သလို ကူးပြောင်းပြီးရင်တောင် Google Play Store ကနေ ထပ်မံ ဝယ်ယူရနိုင်ပါတယ်။

Ref : gsmarena