Google ကနေ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက Google Pixel 4 Series စမတ်ဖုန်းတွေနဲ့အတူ True Wireless Earbuds အသစ်ဖြစ်တဲ့ Pixel Buds အသစ်ကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Google Pixel Buds တွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက Pixel 2 Series ဖုန်းနဲ့အတူ မိတ်ဆက်ခဲ့တဲ့ Pixel Buds တွေရဲ့ မျိုးဆက်သစ် Earbuds တွေလည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google ကနေ မိတ်ဆက်ပြီး ၆ လအကြာမှာတော့ Pixel Buds Wireless Earbuds ကို စတင်ရောင်းချနေပြီဖြစ်ပါတယ်။ လောလောဆယ်မှာတော့ US Region မှာပဲ Clearly White Version ကိုပဲ ရောင်းချသွားဦးမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ကတော့ ၁၇၉ ဒေါ်လာ (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်) ကျသင့်မှာပါ။

အဆိုပါ Google Pixel Buds တွေဟာ 12nmm Custom Dynamic Speaker Driver ကို အသုံးပြုထားမှာဖြစ်ပြီး IPX4 Sweat/Water Resistance Rating လည်းပါဝင်မှာဖြစ်ပါတယ်။ Design ပိုင်းအနေနဲ့လည်း တခြားသော Google Product တွေလိုမျိုးပဲ Minimal ဖြစ်တဲ့ Design ကို အသုံးပြုထားတာကိုတွေ့ရပါတယ်။

Earbuds တွေအနေနဲ့ကတော့ ၂ ဖက်စလုံးမှာ Touch Gesture တွေကိုအသုံးပြုနိုင်မှာဖြစ်ပြီး Play/Pause ၊ Next/Previous Track ၊ Volume Control နဲ့ Check Notification ၊ Google Assistant လိုမျိုး Feature တွေအကုန်လုံးကို Support ပြုလုပ်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ပတ်ဝန်းကျင်ရဲ့ ဆူညံသံအပေါ်မှုတည်ပြီး အသံအတိုးအကျယ်အလိုအလျောက်ပြုလုပ်ပေးနိုင်တဲ့ Adaptive Sound ၊ Find My Device ၊ မေးရိုးလှုပ်ရှားမှုတွေကို သိရှိပြီး စကားပြောဆိုတဲ့အချိန်မှာ Mic ကို Beam Forming အနေနဲ့ဆောင်ရွက်ပေးနိုင်တဲ့ Feature တွေလည်း ပါဝင်ဦးမှာပါ။

Pixel Buds ဟာ ဆက်တိုက်အသုံးပြုနေမယ်ဆိုရင် ၅ နာရီခန့်အသုံးပြုနိုင်မှာဖြစ်ပြီး Charging Case နဲ့အသုံးပြုမယ်ဆိုရင် ၂၄ နာရီအထိ အသုံးပြုနိုင်မှာပါ။ Charging Case အနေနဲ့တော့ Fast Charging အပြင် Wireless Charging ကိုပါ Support ပြုလုပ်မယ်လို့ သိရပါတယ်။

Google Pixel Buds ဟာ စျေးနှုန်းအရ Apple AirPods 2, Samsung Galaxy Buds+ တွေနဲ့ ဆင်တူပြီးတော့ Battery Life နဲ့ Active Noise Cancellation ပိုင်းတွေမှာ အားသာချက်မရှိနေပေမယ့် Feature ပိုင်းတွေအရတော့ တော်တော်လေးကို ပြိုင်ဆိုင်နိုင်တဲ့ True Wireless Earbuds တစ်ခုဖြစ်လာမှာပါ။

Ref – 9to5Google