Apple ရဲ့ Devices တွေအတွက် အချင်းချင်း Message ပေးပို့နိုင်တဲ့ iMessage ဟာ Apple Ecosystem ထဲမှာ အအောင်မြင်ဆုံး Feature တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ Google ကလည်း Apple iMessage နဲ့ အလားတူ Google Messages မှာ Rich Communication Service (RCS) ကိုမိတ်ဆက်ထားခဲ့ပြီး မကြာခင်မှာ Major Update တစ်ခုကို ရရှိလာတော့မှာပါ။

ဒါကတော့ Google Messages App Version 6.2 (dogfood) Build မှာ RCS Message Service အတွက် End-to-End Encryption Service ကို Support ပေးလာတာပဲဖြစ်ပါတယ်။ လက်ရှိ Apple iMessage ဟာ End-to-End Encryption ပါဝင်ပြီးသားဖြစ်တဲ့အတွက် အသုံးပြုသူများပြားနေသလိုပဲ Google RCS Service အနေနဲ့လည်း End-to-End Encryption ရရှိလာမယ်ဆိုရင် အသုံးပြုသူပိုပြီးများပြားလာမယ်လို့ ယူဆရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Google Messages App ကနေ တွေ့ရှိရတာကတော့ တခြားသော Android App တွေက ဒီ RCS Messages တွေကို Access ပြုလုပ်နိုင်မယ့် Permission ကိုပါ သတ်မှတ်ပေးနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Location ကို Share ပေးတဲ့အချိန်မှာလည်း Encrypted ပြုလုပ်ထားတယ်ဆိုတာကို အသိပေးသွားဦးမှာဖြစ်ပါတယ်။

Google RCS Message Feature ဟာ လက်ရှိ Google Messages App မှာပဲ ပါဝင်တဲ့ Feature တစ်ခုဖြစ်ပြီး လောလောဆယ်မှာ တချို့သောနိုင်ငံတွေမှာပဲ အသုံးပြုလို့ရနေသေးတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး End-to-End Encryption ပါရရှိလာမှာဖြစ်တဲ့အတွက် နောက်ပိုင်းမှာ Android ဖုန်းရှိတဲ့သူတိုင်းအသုံးပြုလာနိုင်ပါတယ်။

Ref – 9to5Google