Google က Android 12 ကို တရားဝင် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် နောက်ကျနေတယ်လို့ ပြောရမှာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ Google ဟာ Android 11 ကို ၂၀၂၀ ခုနှစ် စက်တင်ဘာလရဲ့ ပထမဆုံး တနင်္လာနေ့မှာ ဖြန့်ချိပေးခဲ့တာ ဖြစ်ပြီး Android 12 ကိုတော့ အောက်တိုဘာလရဲ့ ပထမဆုံး တနင်္လာနေ့ကျမှ ထုတ်ပေးနိုင်ခဲ့ ဖြစ်ပါတယ်။ Google က Android 12 ရဲ့ Source Code ကို Android Open Source Project မှာ တင်လိုက်ပြီ ဖြစ်ပါတယ်။

Google ''officially releases'' Android 12 but the update for Pixels is only arriving ''in the next few weeks''

ထုံးစံအတိုင်းဆိုရင် Google က Android OS အသစ် ၁ ခု ဖြန့်ချိလိုက်တာနဲ့ Pixel စမတ်ဖုန်းတွေမှာ ချက်ချင်း ရကြပါတယ်။ ဒီနှစ်မှာတော့ ရက်သတ္တပတ် အနည်းငယ်ကြာမှ Pixel စမတ်ဖုန်းတွေမှာ ထည့်သွင်းနိုင်မယ်လို့ Google က ပြောပါတယ်။ အဲဒီအတွက် Android 12 ဖြန့်ချိလိုက်ပြီဆိုပေမယ့် တကယ် မရနိုင်သေးပါဘူး။

Android 12 featured

Google က Samsung, OnePlus, Oppo, Realme, Tecno, Vivo နဲ့ Xiaomi တို့ရဲ့ စမတ်ဖုန်းတွေမှာ Android 12 ကို ဒီနှစ်နှောင်းပိုင်းကျမှ ရရှိမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါကတော့ မထူးဆန်းပါဘူး။ Third Party Device Maker တွေဟာ Android Version အသစ်ကို ကိုယ်ပိုင် Version အဖြစ် ပြောင်းလဲဖို့ ရက်သတ္တပတ် သို့မဟုတ် လအနည်းငယ်လောက်ကြာတတ်ပါတယ်။

Google ဟာ Pixel 6 Series တွေမှာ Android 12 ကို မိတ်ဆက်ချင်တဲ့အတွက် ဖြန့်ချိတဲ့ အချိန်ကို နောက်ဆုတ်လိုက်တာလို့ သုံးသပ်ကြပြီး ဒါဟာ ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် တခြား Device တွေမှာ Android 12 မရခင် Pixel 6 Series ကို ကြေညာနိုင်ပါတယ်။

Ref : gsmarena