Google ဟာ ဒီနေ့ကျင်းပခဲ့တဲ့ မိတ်ဆက်ပွဲမှာ Pixel 10 Series, Pixel Watch 4 နဲ့ Pixel Buds 2a တို့အပြင် အများမျှော်လင့်နေကြတဲ့ Pixel 10 Pro Fold ခေါက်ဖုန်းကိုပါ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
Pixel 10 Pro Fold မှာ ၈ လက်မအရွယ် LTPO OLED ခေါက်နိုင်တဲ့ screen အဓိကပါဝင်ပြီး 2076×2156 resolution နဲ့ အမြင့်ဆုံးတောက်ပမှု 3,000-nit အထိ ရရှိနိုင်ပါတယ်။ အပြင်ဘက် cover screen အနေနဲ့ 6.4 လက်မ LTPS OLED display ကို တပ်ဆင်ထားပြီး 120Hz refresh rate နဲ့ 3,000-nit peak brightness ကို ထောက်ပံ့ပေးထားပါတယ်။
စွမ်းဆောင်ရည်ပိုင်းမှာတော့ အခြား Pixel 10 Series တွေလိုပဲ Tensor G5 chipset ကို Titan M2 လုံခြုံရေး chip နဲ့ တွဲဖက်ပေးထားပါတယ်။ 16GB LPDDR5X RAM နဲ့အတူ 256GB, 512GB နဲ့ 1TB UFS 4.0 storage ရွေးချယ်စရာတွေနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ကျောဘက်မှာ ကင်မရာသုံးလုံးစနစ်ကို တပ်ဆင်ထားပြီး 48MP main ကင်မရာ၊ 127-degree မြင်ကွင်းကျယ် (FOV) ရှိတဲ့ 10.5MP ultrawide ကင်မရာနဲ့ 5x optical zoom ပါဝင်တဲ့ 10.8MP telephoto ကင်မရာတို့ ပါဝင်ပါတယ်။ Selfie ကင်မရာကိုတော့ display တစ်ခုစီမှာ တစ်လုံးစီထည့်သွင်းပေးထားပြီး နှစ်လုံးစလုံးဟာ 87-degree FOV ရှိတဲ့ 10MP ကင်မရာတွေ ဖြစ်ကြပါတယ်။
ဖုန်းမှာ 5,015 mAh ဘက်ထရီပါဝင်ပြီး 30W wired charging နဲ့ 15W Qi2 wireless charging တို့ကို ထောက်ပံ့ပေးထားပါတယ်။ 30W အားသွင်းစနစ်နဲ့ဆိုရင် ဘက်ထရီကို 0 ကနေ 50% ကို မိနစ် ၃၀ အတွင်း အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ Software အနေနဲ့ Android 16 နဲ့ ထွက်ရှိလာမှာဖြစ်ပြီး Android update တွေ၊ security patch တွေနဲ့ Pixel Drops တွေကို ၇ နှစ်တိတိ ပေးသွားမှာပါ။
ဒီဖုန်းဟာ IP68 ရေစိုဖုန်ဒဏ်ခံနိုင်မှုရှိပြီး ခေါက်ထားချိန်မှာ 10.8mm ထူကာ ဖြန့်ထားချိန်မှာ 5.2mm ပဲထူပါတယ်။ အလေးချိန်ကတော့ 258g ရှိပါတယ်။ ဘေးဘောင်ပါဝါခလုတ်မှာ လက်ဗွေရာစနစ်ကို ထည့်သွင်းပေးထားပြီး stereo speakers, Wi-Fi 7, Bluetooth 6, UWB နဲ့ dual-SIM (physical SIM တစ်ကတ် + eSIM တစ်ကတ်) တို့လည်း ပါဝင်ပါတယ်။
Pixel 10 Pro Fold ကို Moonstone (မီးခိုး) နဲ့ Jade (စိမ်း) ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိနိုင်မှာပါ။ လာမယ့် အောက်တိုဘာလ ၉ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
256GB: $1,799 / CAD 2,399 / €1,899 / INR 1,72,999
512GB: $1,919 / CAD 2,569 / €2,029
1TB: $2,149 / CAD 2,869 / €2,289
Ref : gsmarena