Zawgyi

Google ရဲ႕ မႏွစ္တုန္းက Pixel 3 စမတ္ဖုန္းေတြဟာ တရားဝင္မမိတ္ဆက္ခင္ထဲက Leak အျဖစ္ဆုံးဖုန္းေတြလို႔ေျပာလို႔ရပါတယ္။ အခုလည္း Google Pixel 4 ဖုန္းေတြက ကိုယ့္စံခ်ိန္ကိုယ္ျပန္ခ်ိဳးဦးမယ့္ပုံစံပါပဲ။

Apple ကေန iPhone 11 ဖုန္းေတြကို မိတ္ဆက္ေတာ့မယ့္အခ်ိန္မွာ Pixel 4 Leak သတင္းေတြအမ်ားအျပားထြက္ခဲ့သလိုပဲ အခုအခ်ိန္မွာလည္း Google Pixel 4 ဖုန္း Hands-on Video ၂ ခုပါ ထြက္ေပၚလာခဲ့ျပန္ပါၿပီ။ Video ၂ ခုဟာ Google Pixel 4 ဖုန္းေတြထုတ္လုပ္တဲ့ Foxconn စက္႐ုံတည္ရွိရာ Vietnam ကေန ထြက္ေပၚလာတာျဖစ္ၿပီး Prototype Version ေတြျဖစ္တယ္ဆိုတာကို အတည္ျပဳသြားခဲ့ပါတယ္။

Google Pixel 4 ဖုန္းေတြရဲ႕ Hands-on Video ပထမတစ္ခုက အျဖဴေရာင္ Pixel 4 XL ကို Hands-on ျပဳလုပ္ထားတာျဖစ္ၿပီး English Subtitle လည္းပါဝင္တဲ့အတြက္ ၾကည့္ရတာအဆင္ေျပမွာပါ။ အခု Pixel 4 XL အျဖဴေရာင္က Prototype Version တစ္ခုျဖစ္သလို Software Bugs ေတြနဲ႔ Back Cover ကေန Glass Body အစား Plastic ကိုပဲ အသုံးျပဳထားေသးတာျဖစ္ပါတယ္။

ဒုတိယတစ္ခုကေတာ့ Pixel 4 ရဲ႕ အေရာင္ ၃ ေရာင္ျဖစ္လာမယ့္ အျဖဴ၊ အမည္းနဲ႔ လိ ေမၼာ္ေရာင္ေတြ အကုန္လုံးကို ျပသခဲ့ၿပီးေတာ့ Camera Sample ေတြပါ ပါဝင္ခဲ့တာျဖစ္ပါတယ္။

အခု Video ၂ ခုအရ Google Pixel 4 ဖုန္းေတြမွာ 90Hz Smooth Display ၊ Snapdragon 855 ၊ RAM 6GB နဲ႔ Quad HD+ Resolution ပါလာမယ့္ OLED Display ေတြကို အသုံးျပဳလာမယ္ဆိုတာကေတာ့ က်ိန္းေသသြားၿပီျဖစ္ပါတယ္။ လက္ရွိသိထားရတဲ့သတင္းေတြအရ Google Pixel 4 ဟာ လာမယ့္ ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာ တရားဝင္မိတ္ဆက္လာေတာ့မွာပါ။

Ref : GSM Arena

Unicode

Google ရဲ့ မနှစ်တုန်းက Pixel 3 စမတ်ဖုန်းတွေဟာ တရားဝင်မမိတ်ဆက်ခင်ထဲက Leak အဖြစ်ဆုံးဖုန်းတွေလို့ပြောလို့ရပါတယ်။ အခုလည်း Google Pixel 4 ဖုန်းတွေက ကိုယ့်စံချိန်ကိုယ်ပြန်ချိုးဦးမယ့်ပုံစံပါပဲ။

Apple ကနေ iPhone 11 ဖုန်းတွေကို မိတ်ဆက်တော့မယ့်အချိန်မှာ Pixel 4 Leak သတင်းတွေအများအပြားထွက်ခဲ့သလိုပဲ အခုအချိန်မှာတော့ Google Pixel 4 ဖုန်းတွေကို Hands-on Video ၂ ခုပါ ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ အခု Video ၂ ခုဟာ Google Pixel 4 ဖုန်းတွေထုတ်လုပ်တဲ့ Foxconn စက်ရုံတည်ရှိရာ Vietnam ကနေ ထွက်ပေါ်လာတာဖြစ်ပြီး Prototype Version တွေဖြစ်တယ်ဆိုတာကို အတည်ပြုသွားခဲ့ပါတယ်။

Google Pixel 4 ဖုန်းတွေရဲ့ ဒီ Hands-on Video ပထမတစ်ခုက အဖြူရောင် Pixel 4 XL ကို Hands-on ပြုလုပ်ထားတာဖြစ်ပြီး English Subtitle လည်းပါဝင်တဲ့အတွက် ကြည့်ရတာအဆင်ပြေမှာပါ။ အခု Pixel 4 XL အဖြူရောင်က Prototype Version တစ်ခုဖြစ်သလို Software Bugs တွေနဲ့ Back Cover ကနေ Glass Body အစား Plastic ကိုပဲ အသုံးပြုထားသေးတာဖြစ်ပါတယ်။

ဒုတိယတစ်ခုကတော့ Pixel 4 ရဲ့ အရောင် ၃ ရောင်ဖြစ်လာမယ့် အဖြူ၊ အမည်းနဲ့ လိ မ္မော်ရောင်တွေ အကုန်လုံးကို ပြသခဲ့ပြီးတော့ Camera Sample တွေပါ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အခု Video ၂ ခုအရ Google Pixel 4 ဖုန်းတွေမှာ 90Hz Smooth Display ၊ Snapdragon 855 ၊ RAM 6GB နဲ့ Quad HD+ Resolution ပါလာမယ့် OLED Display တွေကို အသုံးပြုလာမယ်ဆိုတာကတော့ ကျိန်းသေသွားပြီဖြစ်ပါတယ်။ လက်ရှိသိထားရတဲ့သတင်းတွေအရ Google Pixel 4 ဟာ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ တရားဝင်မိတ်ဆက်လာတော့မှာပါ။

Ref : GSM Arena