[Zawgyi]
တကယ်လို့ Google Pixel 4 တွေသာ ဖော်ပြပါပုံတွေအတိုင်း ထွက်ရှိလာမယ်ဆိုရင် နောက်ကျောဘက်ဒီဇိုင်းက အရင်မျိုးဆက်တွေနဲ့ ကွားခြားသွားမှာ မဟုတ်သလို Dual Camera Setup လည်း တပ်ဆင်ထားမှာ မဟုတ်ပါဘူး။ စိတ်ဝင်စားစရာကောင်းတာက ရှေ့ဘက်မျက်နှာပြင်က ဘောင်မဲ့နီးပါး ဒီဇိုင်းမျိုးဖြစ်နေတဲ့အတွက် Selfie Camera တွေကို ဘယ်နားသွားမလဲဆိုတာပါပဲ။
Ref : Gizmochina
[Unicode]
ဘောင်မဲ့ ဒီဇိုင်း၊ Front Speakers ၂လုံးနဲ့ ပွဲထွက်လာနိုင်ဖွယ်ရှိတဲ့ Google Pixel 4
Google အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းတွေဖြစ်တဲ့ Google Pixel 4 စီးရီးကို ထုံးတမ်းအစဥ်အလာအရဆိုရင် ၂၀၁၉ခုနှစ် နောက်ဆုံး သုံးလပတ်မှာပဲ မိတ်ဆက်လေ့ ရှိပါတယ်။ ဒါ့ပေမယ့် Google Pixel 4 နဲ့ ပတ်သတ်တဲ့ သတင်းတွေကတော့ အင်တာနက်ပေါ်မှာ ပေါက်ကြားထွက်ပေါ်နေပါပြီ။
91mobiles ရဲ့ အဆိုများအရ မျိူးဆက်သစ် Google ဖုန်းတွေရဲ့ အချက်အလက်တွေဟာ World Intellectual Property Organization (WIPO) ကနေ တစ်ဆင့် ထွက်ပေါ်လာတယ်လို့ သိရပါတယ်။ ထွက်ပေါ်ခဲ့တဲ့ အချက်အလက်တွေအရဆိုရင် Pixel 4 မှာလည်း အရင်မျိူးဆက် Pixel 3 တွေလိုမျိူး Dual-tone ဒီဇိုင်းကို အသုံးပြုထားပါတယ်။ ဒါ့အပြင် Fingerprint Sensor ကိုလည်း နောက်ကျောဘက်မှာပဲ တပ်ဆင်ထားတာ တွေ့ရပါတယ်။
ရှေ့ဘက်မျက်နှာပြင်ကို ဖော်ပြထားတဲ့ မူပိုင်ခွင့် ဓာတ်ပုံမှာတော့ Notch ပါဝင်တာမတွေ့ရသလို Display အပေါက်ဖြစ်နေတာလည်း မတွေ့ရပါဘူး။ ဒါ့ကြောင့် Front-facing Camera အတွက် Slider အသုံးပြုမလား ဒါမှမဟုတ် နည်းပညာ အသစ်အဆန်းတစ်ခုခုကို မြင်တွေ့ရမှာလားဆိုတာ စဥ်းစားရမှာပါ။ မူပိုင်ခွင့် ဓာတ်ပုံတွေထဲမှာ Front-facing Camera ကို မတွေ့ရပေမယ့် Front-firing Speakers တွေကိုတော့ မြင်တွေ့ရပါတယ်။ Connectivity အပိုင်းအတွက် USB Type-C ကို အသုံးပြုပေးထားတာဖြစ်ပြီး 3.5mm Headphone Jack တော့ ပါဝင်မှာမဟုတ်ပါဘူး။
တကယ်လို့ Google Pixel 4 တွေသာ ဖော်ပြပါပုံတွေအတိုင်း ထွက်ရှိလာမယ်ဆိုရင် နောက်ကျောဘက်ဒီဇိုင်းက အရင်မျိူးဆက်တွေနဲ့ ကွားခြားသွားမှာ မဟုတ်သလို Dual Camera Setup လည်း တပ်ဆင်ထားမှာ မဟုတ်ပါဘူး။ စိတ်ဝင်စားစရာကောင်းတာက ရှေ့ဘက်မျက်နှာပြင်က ဘောင်မဲ့နီးပါး ဒီဇိုင်းမျိူးဖြစ်နေတဲ့အတွက် Selfie Camera တွေကို ဘယ်နားသွားမလဲဆိုတာပါပဲ။
Ref : Gizmochina