Zawgyi
Google Pixel စမတ္ဖုန္းေတြက တရားဝင္မမိတ္ဆက္ခင္အထိ Leaks ေတြအထြက္ဆုံး စမတ္ဖုန္းဆိုရင္လည္း မမွားပါဘူး။ အခုလည္း လာမယ့္ ေအာက္တိုဘာလမွာ မိတ္ဆက္သြားမယ့္ Google Pixel 4 ရဲ႕ ဓါတ္ပုံေတြက ထပ္ၿပီး ေပါက္ၾကားလာခဲ့ျပန္ပါၿပီ။
ဒီႏွစ္မွာေတ့ာ Google ကေန Pixel 4 စမတ္ဖုန္းနဲ႔ ပတ္သတ္တဲ့အခ်က္အလက္ေတြကို ေအာက္တိုဘာမတိုင္ခင္ လေတြအမ်ားႀကီးအလိုထဲက ကိုယ္တိုင္ထုတ္ျပေနတာလည္းျဖစ္ပါတယ္။ အခုဆိုရင္ Pixel 4 ရဲ႕ ေနာက္ေက်ာဘက္ Design ပုံစံအျပင္ Face Unlock နဲ႔ Project Soli Sensor ေတြပါမယ္ဆိုတာကိုလည္း တရားဝင္အတည္ျပဳၿပီးၿပီလို႔ ေျပာလို႔ရပါတယ္။
ဒါေပမယ့္ အခုတႀကိမ္ထြက္ရွိလာတဲ့ Leak ဓါတ္ပုံကေတာ့ Google Pixel 4 ရဲ႕ အေရွ႕ဘက္ Display နဲ႔ ေနာက္ဖက္ Camera Setup ကိုပါ ျမင္ေတြ႕ခဲ့ရတာပါ။ Display ရဲ႕ Sprint Logo ကိုပါ Operator Name မွာ ေတြ႕ခဲ့ရတဲ့အျပင္ Pixel 4 နဲ႔အတူပါလာမယ့္ Wallpaper အသစ္ကိုပါေတြ႕ခဲ့ရၿပီး ဒီတစ္ႀကိမ္ Leak ထြက္လာတဲ့ ဓါတ္ပုံေတြက အစစ္ျဖစ္ဖို႔မ်ားေနပါတယ္။ ဒ့ါအျပင္ Android 10 ကိုပါ အသုံးျပဳထားတာလည္းျဖစ္ပါတယ္။
Back Camera အေနနဲ႔ကေတာ့ Dual Camera ၊ ToF Camera နဲ႔ LED Flash ေတြပါဝင္တဲ့ ေလးေထာင့္ပုံစံပဲျဖစ္ေနၿပီးေတာ့ ေနာက္ဖက္က Glass ကလည္း Texture ပါဝင္ျခင္းမရွိေတာ့ဘဲ လုံးဝေျပာင္ျဖစ္သြားပါတယ္။ Power Button နဲ႔ Volume Keys ေတြကေတာ့ ဖုန္းရဲ႕ ညာဘက္ျခမ္းမွာပဲရွိေနမွာပါ။
ဒီ Google Pixel ဖုန္းေတြဟာ လာမယ့္ ေအာက္တိုဘာလမွာမိတ္ဆက္လာမွာျဖစ္တဲ့အတြက္ မၾကာခင္မွာေနာက္ထပ္သတင္းေတြထပ္ၿပီး ထြက္ရွိလာႏိုင္ပါေသးတယ္။
Ref – GSM Arena
Unicode
Google Pixel စမတ်ဖုန်းတွေက တရားဝင်မမိတ်ဆက်ခင်အထိ Leaks တွေအထွက်ဆုံး စမတ်ဖုန်းဆိုရင်လည်း မမှားပါဘူး။ အခုလည်း Google ကနေ လာမယ့် အောက်တိုဘာလမှာ မိတ်ဆက်သွားမယ့် Google Pixel 4 ရဲ့ ဓါတ်ပုံတွေက ထပ်ပြီး ပေါက်ကြားလာခဲ့ပြန်ပါပြီ။
ဒီနှစ်မှာတေ့ာ Google ကနေ အစောပိုင်းထဲက Google Pixel 4 စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့အချက်အလက်တွေကို အောက်တိုဘာမတိုင်ခင် လတွေအများကြီးအလိုထဲက ကိုယ်တိုင်ထုတ်ပြနေတာလည်းဖြစ်ပါတယ်။ အခုဆိုရင် Pixel 4 ရဲ့ နောက်ကျောဘက် Design ပုံစံအပြင် Face Unlock နဲ့ Project Soli Sensor တွေပါမယ်ဆိုတာကို လည်း တရားဝင်အတည်ပြုပြီးပြီလို့ ပြောလို့ရပါတယ်။
ဒါပေမယ့် အခုတကြိမ်ထွက်ရှိလာတဲ့ Leak ဓါတ်ပုံကတော့ Google Pixel 4 ရဲ့ အရှေ့ဘက် Display နဲ့ နောက်ဖက် Camera Setup ကိုပါ မြင်တွေ့ခဲ့ရတာပါ။ Display ရဲ့ Sprint Logo ကိုပါ Operator Name မှာ တွေ့ခဲ့ရတဲ့အပြင် Pixel 4 နဲ့အတူပါလာမယ့် Wallpaper အသစ်ကိုပါတွေ့ခဲ့ရပြီး ဒီတစ်ကြိမ် Leak ထွက်လာတဲ့ ဓါတ်ပုံတွေက အစစ်ဖြစ်ဖို့များနေပါတယ်။ ဒ့ါအပြင် Android 10 ကိုပါ အသုံးပြုထားတာလည်းဖြစ်ပါတယ်။
Back Camera အနေနဲ့ကတော့ Dual Camera ၊ ToF Camera နဲ့ LED Flash တွေပါဝင်တဲ့ လေးထောင့်ပုံစံပဲဖြစ်နေပြီးတော့ နောက်ဖက်က Glass ကလည်း Texture ပါဝင်ခြင်းမရှိတော့ဘဲ လုံးဝပြောင်ဖြစ်သွားပါတယ်။ Power Button နဲ့ Volume Keys တွေကတော့ ဖုန်းရဲ့ ညာဘက်ခြမ်းမှာပဲရှိနေမှာပါ။
ဒီ Google Pixel ဖုန်းတွေဟာ လာမယ့် အောက်တိုဘာလမှာမိတ်ဆက်လာမှာဖြစ်တဲ့အတွက် မကြာခင်မှာနောက်ထပ်သတင်းတွေထပ်ပြီး ထွက်ရှိလာနိုင်ပါသေးတယ်။
Ref – GSM Arena