[Zawgyi]
Pixel 4 ေတြဟာ လာမယ့္လမွာ ေဈးကြက္ထဲကို ေရာက္ရွိမယ္လို႔ ယူဆရပါတယ္။ တရားဝင္ထြက္ဖို႔ နီးကပ္လာေလေလ Pixel 4 ေတြနဲ႔ ပတ္သက္တဲ့ ေပါက္ၾကားမႈေတြက မ်ားေလေလပဲ ျဖစ္ပါတယ္။ တစ္ဘက္ကလည္း Google ကိုယ္တိုင္က ထုတ္ျပတာမ်ားျပန္ေတာ့ Pixel 4 ေတြနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာက အေတာ္မ်ားမ်ားကို သိၿပီးရသလိုေတာင္ ျဖစ္ေနပါေတာ့တယ္။
ေကာလာလဟသတင္းေတြအရေရာ၊ ေပါက္ၾကားလာတဲ့ ပကတိ႐ုပ္ပုံေတြအရပါ Pixel 4 ရဲ႕ေနာက္ေက်ာမွာ 12MP အဓိက ကင္မရာႏွဲ႔ 16MP telephoto ကင္မရာတို႔ကို တပ္ဆင္ထားမယ္လို႔ ေျပာႏိုင္ပါတယ္။ ေနာက္ဆုံးထြက္လာခဲ့တဲ့ ေကာလာဟလကသာ အမွန္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ ကင္မရာ Feature သစ္အျဖစ္ “Motion Mode” လည္း ပါဝင္လာမွာပါ။
“Motion Mode” ဟာ လွ်င္ျမန္တဲ့ အားကစားလႈပ္ရွားမႈပုံရိပ္ေတြ၊ မၿငိမ္သက္ဘဲလႈပ္ရွားေနတဲ့ပုံရိပ္ေတြကို ႐ိုက္ကူးရာမွာ “အေရွ႕က လူဒါမွမဟုတ္အရာဝတၳဳကလႈပ္ရွားေနၿပီး ေနာက္ခံေတြကေတာ့ ေဝဝါးေနမယ္” လို႔ သိရပါတယ္။ ဒါ့အျပင္ Pixel 4 ဟာ Night Sight ရဲ႕ ျမန္ႏႈန္းနဲ႔ဆက္စပ္မႈကို ပိုၿပီးတိုးတက္ေအာင္ ျပဳလုပ္ထားတယ္လို႔လည္း သိရပါတယ္။
ဒါတင္မကေသးဘဲ Pixel 4 ရဲ႕ ဓါတ္ပုံ႐ိုက္ကူးႏိုင္မႈစြမ္းရည္ဟာ ၾကယ္စုံတဲ့ေကာင္းကင္ကိုေတာင္ ႐ိုက္ကူးႏိုင္တယ္လို႔ Google က ႂကြားလုံးထုတ္ထားေသးတယ္လို႔ သတင္းထြက္ေပၚထားပါေသးတယ္။ ပိုၿပီးနားေထာင္လို႔ေကာင္းတဲ့ သတင္းတစ္ခုကေတာ့ Pixel 4 ဟာ 8x Zoom နဲ႔ ထြက္လာမယ္ ဆိုတာပါပဲ။
တ႐ုတ္လူမႈကြန္ရက္ျဖစ္တဲ့ Weibo မွာေတာ့ Pixel 4 ရဲ႕ 8x Zoom ဟာ Optical zoom နဲ႔ Google ရဲ႕ Super Res Zoom feature တို႔ရဲ႕ ေပါင္းစပ္မႈျဖစ္ႏိုင္တယ္လို႔ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။ ေသခ်ာသေလာက္ရွိသြားတာကေတာ့ လက္ရွိ Pixel ေတြက 4GB of RAM အျမင့္ဆုံးျဖစ္ေပမယ့္ Pixel 4 ကေတာ့ 6GB of RAM နဲ႔ ထြက္လာမယ္ဆိုတာပါပဲ။ ဒီေတာ့ 8GB of RAM နဲ႔ထြက္လာဖို႔ပဲ က်န္ပါေတာ့တယ္။
Ref: GSM Arena
[Unicode]
Google Pixel 4 ဟာ 8x Zoom, 6GB RAM အပြင် Motion Mode တွေ ပါဝင်မယ်လို့ သတင်းထွက်ပေါ်လာ
Pixel 4 တွေဟာ လာမယ့်လမှာ ဈေးကွက်ထဲကို ရောက်ရှိမယ်လို့ ယူဆရပါတယ်။ တရားဝင်ထွက်ဖို့ နီးကပ်လာလေလေ Pixel 4 တွေနဲ့ ပတ်သက်တဲ့ ပေါက်ကြားမှုတွေက များလေလေပဲ ဖြစ်ပါတယ်။ တစ်ဘက်ကလည်း Google ကိုယ်တိုင်က ထုတ်ပြတာများပြန်တော့ Pixel 4 တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာက အတော်များများကို သိပြီးရသလိုတောင် ဖြစ်နေပါတော့တယ်။
ကောလာလဟသတင်းတွေအရရော၊ ပေါက်ကြားလာတဲ့ ပကတိရုပ်ပုံတွေအရပါ Pixel 4 ရဲ့နောက်ကျောမှာ 12MP အဓိက ကင်မရာနှဲ့ 16MP telephoto ကင်မရာတို့ကို တပ်ဆင်ထားမယ်လို့ ပြောနိုင်ပါတယ်။ နောက်ဆုံးထွက်လာခဲ့တဲ့ ကောလာဟလကသာ အမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့ ကင်မရာ Feature သစ်အဖြစ် “Motion Mode” လည်း ပါဝင်လာမှာပါ။
“Motion Mode” ဟာ လျှင်မြန်တဲ့ အားကစားလှုပ်ရှားမှုပုံရိပ်တွေ၊ မငြိမ်သက်ဘဲလှုပ်ရှားနေတဲ့ပုံရိပ်တွေကို ရိုက်ကူးရာမှာ “အရှေ့က လူဒါမှမဟုတ်အရာဝတ္ထုကလှုပ်ရှားနေပြီး နောက်ခံတွေကတော့ ဝေဝါးနေမယ်” လို့ သိရပါတယ်။ ဒါ့အပြင် Pixel 4 ဟာ Night Sight ရဲ့ မြန်နှုန်းနဲ့ဆက်စပ်မှုကို ပိုပြီးတိုးတက်အောင် ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။
ဒါတင်မကသေးဘဲ Pixel 4 ရဲ့ ဓါတ်ပုံရိုက်ကူးနိုင်မှုစွမ်းရည်ဟာ ကြယ်စုံတဲ့ကောင်းကင်ကိုတောင် ရိုက်ကူးနိုင်တယ်လို့ Google က ကြွားလုံးထုတ်ထားသေးတယ်လို့ သတင်းထွက်ပေါ်ထားပါသေးတယ်။ ပိုပြီးနားထောင်လို့ကောင်းတဲ့ သတင်းတစ်ခုကတော့ Pixel 4 ဟာ 8x Zoom နဲ့ ထွက်လာမယ် ဆိုတာပါပဲ။
တရုတ်လူမှုကွန်ရက်ဖြစ်တဲ့ Weibo မှာတော့ Pixel 4 ရဲ့ 8x Zoom ဟာ Optical zoom နဲ့ Google ရဲ့ Super Res Zoom feature တို့ရဲ့ ပေါင်းစပ်မှုဖြစ်နိုင်တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ သေချာသလောက်ရှိသွားတာကတော့ လက်ရှိ Pixel တွေက 4GB of RAM အမြင့်ဆုံးဖြစ်ပေမယ့် Pixel 4 ကတော့ 6GB of RAM နဲ့ ထွက်လာမယ်ဆိုတာပါပဲ။ ဒီတော့ 8GB of RAM နဲ့ထွက်လာဖို့ပဲ ကျန်ပါတော့တယ်။
Ref: GSM Arena