Google Pixel 3a စမတ်ဖုန်းဟာ ပြီးခဲ့တဲ့နှစ်မေလတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး Google အတွက် အအောင်မြင်ဆုံး Pixel ဖုန်းလို့တောင် ပြောနိုင်ပါတယ်။ အခုနှစ်မှာလည်း ပြီးခဲ့တဲ့ မေလကတည်းက Pixel 4a ကို မိတ်ဆက်ဖို့စီစဥ်ထားခဲ့တာဖြစ်ပြီး ဆက်တိုက်ကို ရွေ့ဆိုင်းနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုအချိန်မှာတော့ Google Pixel 4a စမတ်ဖုန်းကို တရားဝင် မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ ယခုနှစ်မှာတော့ Pixel 4a တစ်မျိုးတည်းပဲ ရောင်းချသွားမှာဖြစ်သလို Specification နဲ့ အရောင်ကလည်း တစ်မျိုးထဲပဲ ထုတ်ပေးသွားမှာဖြစ်ပါတယ်။

အဲ့ဒီအတွက် 5.81″ Full HD+ OLED Display ပါဝင်တဲ့ Pixel 4a Version ကိုပဲ အရောင်အနေနဲ့ Just Black အရောင်ကိုပဲ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Body အနေနဲ့က Matte Finish ပြုလုပ်ထားတဲ့ Polycarbonate Plastic Body ကို အသုံးပြုထားပြီး Display ကိုတော့ Corning Gorilla Glass 3 ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Performance ပိုင်းမှာတော့ Qualcomm Snapdragon 730G Chipset ကို အသုံးပြုထားပြီး RAM 6GB နဲ့ 128GB Storage ပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ Pixel 4 မှာ အသုံးပြုထားတဲ့ Primary Sensor ဖြစ်တဲ့ 12.2MP f1.7 Sensor ကိုပဲ အသုံးပြုထားပြီးတော့ Pixel 4 ရဲ့ Camera နဲ့ တူညီတဲ့ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Front Camera အနေနဲ့ကတော့ 8MP Sensor ကို Punch-hole Design နဲ့ ထည့်သွင်းပေးထားပါတယ်။

Google Pixel 4a မှာ 3140mAh Battery ပါဝင်မှာဖြစ်ပြီး USB-C ကနေ 18W Fast Charging ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ Wireless Charging တော့ ပါဝင်မှာမဟုတ်ပေမယ့် 3.5mm Audio Jack ကိုထည့်သွင်းပေးထားပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ လက်ရှိအချိန်မှာ US စျေးကွက်အတွက် $349 (မြန်မာငွေ ၄ သိန်း ၈ သောင်းဝန်းကျင်) သတ်မှတ်ထားပြီးတော့ မကြာခင်မှာ Australia ၊ Canada ၊ France ၊ India ၊ Ireland ၊ Italy ၊ Japan ၊ Singapore ၊ Spain နဲ့ Taiwan နိုင်ငံတွေမှာပါ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena