Google ဟာ လာမယ့်အောက်တိုဘာလ ၁၉ ရက်နေ့မှာ Pixel 6 Series စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Pixel 6 Series ဖုန်းတွေဟာ Google အတွက် ပထမဆုံးအနေနဲ့ ကိုယ်ပိုင် Tensor Chip ကို အသုံးပြုထားမှာဖြစ်တဲ့အပြင် Camera ပိုင်း၊ Design ပိုင်းမှာလည်း အဆင့်မြှင့်တင်မှုအများအပြား ပြုလုပ်လာမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပေါက်ကြားခဲ့တဲ့သတင်းတွေအရတော့ Google Pixel 6 Series ဖုန်းတွေဟာ အခုလိုမျိုး အဆင့်မြှင့်တင်မှုတွေအပြင် Software Update အပိုင်းမှာပါ ၅ နှစ်အထိ ရရှိလာမယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Software Update ရရှိမှုအကြောင်းကို အသေးစိတ်သိလာရပြီဖြစ်ပါတယ်။

Google Pixel 6 Series ဖုန်းတွေဟာ Android OS Update အနေနဲ့ကတော့ ထွက်ရှိတဲ့အချိန်ကနေ OS Update ၄ နှစ် သို့မဟုတ် Version ၄ ခုအထိ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် Android 12 OS နဲ့ မိတ်ဆက်လာမယ့် Pixel 6 Series ဖုန်းတွေဟာ Android 16 အထိကို Software Update ရရှိသွားမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Pixel 6 Series ဖုန်းတွေဟာ Security Update ပိုင်းမှာလည်း ၅ နှစ်အထိ Update ရရှိမှာဖြစ်ပါတယ်။ ဒါက လာမယ့် အောက်တိုဘာလ ၂၀၂၆ ခုနှစ်အထိကို Security Update တွေ လစဥ်ရရှိသွားမှာပဲဖြစ်ပါတယ်။

ဒီလိုမျိုး Software ပိုင်းကို နှစ်ရှည် Support ပေးတာက Android ဖုန်းတွေထဲမှာ ပထမဆုံးလည်းဖြစ်ပါတယ်။ ဒါက Pixel Series ဖုန်းတွေဖြစ်တာကြောင့် အခုလိုမျိုး Update အကြာကြီးပေးနိုင်တာဖြစ်နိုင်ပြီး တခြားသော Android ဖုန်းထုတ်လုပ်သူတွေ လိုက်လုပ်နိုင်ဖို့ကတော့ ခက်ခဲဦးမှာပါ။

Ref – GSM Arena