Google ဟာ Pixel 6a စမတ်ဖုန်းကို လာမယ့် မေလ ၁၁ ရက်နေ့မှာ ပြုလုပ်သွားမယ့် Google I/O 2022 Event မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ Pixel 6a ဖုန်းဟာ Processor ပိုင်းမှာ Google Tensor Chip ကို အသုံးပြုလာမှာဖြစ်တဲ့အတွက် ယခင် Pixel A Series ဖုန်းတွေထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်မှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google ကနေ မိတ်ဆက်ဖို့ရှိနေတဲ့ Pixel 6a စမတ်ဖုန်းရဲ့ ဘူးခွံဒီဇိုင်းဟာ ဓါတ်ပုံအနေနဲ့ ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ ဓါတ်ပုံကနေ Google Pixel 6a ရဲ့ ဒီဇိုင်းအသေးစိတ်ကို အတည်ပြုနိုင်ခဲ့ပါတယ်။

Google Pixel 6a စမတ်ဖုန်းဟာ Leaks တွေထွက်ရှိထားသလို နောက်ကျောဘက်မှာ Google Pixel 6 Series ဖုန်းတွေလိုမျိုး Camera Design ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါပေမယ့် Camera Sensor တွေအနေနဲ့ကတော့ Dual Camera Setup ကိုပဲ အသုံးပြုထားတာကို တွေ့ရှိခဲ့ရပါတယ်။

Google Pixel 6a စမတ်ဖုန်းဟာ ကိုယ်ပိုင် Tensor Chip အပြင် 6.2″ OLED Display ၊ 12 MP Dual Camera Setup ၊ 5000mAh Battery တွေပါဝင်မှာဖြစ်ပြီး Pixel A Series ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ 3.5mm Audio Jack ပါဝင်ခြင်းမရှိတဲ့ဖုန်းဖြစ်လာမယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ အခုအချိန်အထိ မသိရှိရသေးတာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena