Google က Gemini AI ကို ကြေညာတဲ့အချိန်မှာ On-device မှာ Run မယ့် Nano ကို ပြောကြားခဲ့ပါတယ်။ Pixel 8 နဲ့ Pixel 8 Pro ဟာ Chipset တူပေမယ့် Google က Gemini Nano ကို Pixel 8 Pro မှာပဲ ထည့်သွင်းပေးချင်ပုံရပါတယ်။

Google's new AI Model Gemini now available in Bard, here is how to use | by Dilip Kashyap | Medium

အခုတော့ Google က စိတ်ပြောင်းသွားပုံရပြီး Gemini Nano ကို Pixel 8 မှာပါ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ ဇွန်လမှာ ထွက်မယ့် Pixel Feature Drop ရဲ့ Developer Preview မှာ အဲဒီ စွမ်းရည်ကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

Google Gemini AI: Uses, Features, and Industry Impact

Google က Pixel 8 ပိုင်ရှင်တွေဟာ Gemini Nano အတွက် စိတ်လှုပ်ရှားမှုများစွာ ရှိနေတာကို သိတယ်လို့ ပြောပါတယ်။ Google က ဖုန်းတွေမှာ အဲဒီလို ကြီးမားတဲ့ Language Models ကို ထည့်သွင်းပေးတာဟာ ဖုန်းရဲ့ Memory Specification အလိုက် User Experience ကွဲပြားမယ်လို့ ပြောပါတယ်။

Gemini Nano မှာ လုပ်ဆောင်ချက် အသစ် ၂ ခုပါလာမှာပါ။ Recorder က အသံတွေကို အကျဉ်းချုပ် ပြုလုပ်ပေးနိုင်ပြီး Gboard မှာ Smart Reply ကိုထောက်ပံ့မှာပါ။ အဲဒီ လုပ်ဆောင်ချက်တွေဟာ Pixel 8 နဲ့ Pixel 8 Pro မှာ ပါလာမှာ ဖြစ်ပြီး On-device Gemini Nano ဖြစ်တဲ့အတွက် Offline အလုပ်လုပ်နိုင်ပါတယ်။

Ref : gsmarena