Google က Made by Google Event မှာ Pixel 9 ကို ကြေညာလိုက်ပါတယ်။ Pixel 9 ဟာ လေးထောင့် ဘူးပုံစံ ဖြစ်ပြီး အရွယ်အစား ကျစ်လစ်ပါတယ်။ အနောက်ဘက်က အလျားလိုက် ကင်မရာ ဘားရဲ့ အရွယ်အစားကို သေးငယ်အောင် ပြုလုပ်ထားပြီး ထောင့်စွန်းတွေအထိ မရောက်သွားတော့ပါဘူး။ အရှေ့ဘက်မှာ မျက်နှာပြင် အထက်အလယ်မှာ Punch Hole တပ်ဆင်ထားပါတယ်။

Google Pixel 9 unveiled: same size, more AI, more power and a new camera - GSMArena.com news

6.3” OLED FHD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Google က Optical Fingerprint Scanner အစား Ultrasonic ကို သုံးထားပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး 50MP Main နဲ့ 48MP Ultrawide Angle တို့ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 10.5MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ Magic Eraser , Best Take နဲ့ တခြား Feature များစွာ ပါပါတယ်။

Google Pixel 9 unveiled: same size, more AI, more power and a new camera - GSMArena.com news

Google Pixel 9 မှာ Tensor G4 Processor မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB Storage အထိ ထည့်သွင်းထားပါတယ်။ 27W Fast နဲ့ Wireless Charging ထောက်ပံ့တဲ့ 4,700mAh Battery တပ်ဆင်ထားပါတယ်။ ၇ နှစ်အထိ Software Update ရမှာ ဖြစ်ပြီး Android 14 OS မောင်းနှင်ထားပါတယ်။ အန္တရာယ်ကျရောက်တဲ့ အခါ သတိပေးပြီး Malware နဲ့ Phishing ကို ကာကွယ်ပေးတဲ့ Emergency SOS ပါလာပါတယ်။ Gemini AI ကိုလည်း အသုံးပြုနိုင်ပါတယ်။

Google Pixel 9 အတွက် Obsidian, Porcelain, Rose နဲ့ Green အရောင် ထုတ်လုပ်ထားပြီး 128GB ကို ၈၀၀ ဒေါ်လာနဲ့ 256GB ကို ၉၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gizmochina