[Zawgyi]

Google ဟာ Google Play Store App အတြက္ UI ဒီဇိုင္းကို ျပန္လည္ ျပဳျပင္ေနပါတယ္။ ဒီႏွစ္ဦးပိုင္းကတည္းက တျဖည္းျဖည္းနဲ႔ ျပဳျပင္လာခဲ့တာျဖစ္ၿပီး အခု ႏွစ္ကုန္ဆုံးကာနီးမွာေတာ့ Stable Update ကို ထုတ္ႏိုင္ခဲ့သလို အားလုံးသုံးစြဲဖို႔အတြက္ ထုတ္လႊတ္ေပးေတာ့မယ္လို႔ သိရပါတယ္။

ေျပာင္းလဲလိုက္တဲ့ UI ဒီဇိုင္းအသစ္မွာ ရႈပ္ေထြးတယ္လို႔ ခံစားရေစမယ့္ ပုံစံမ်ိဳးေတြကို ဖယ္ရွားခဲ့ၿပီး ပိုမိုရွင္းလင္းတဲ့ အသြင္အျပင္ျဖစ္ေအာင္ အားထုတ္ထားတာကိုလည္း ေတြ႕ရပါတယ္။ ပထမဦးဆုံး သတိထားမိတာကေတာ့ Navigation Drawer ပါပဲ။ Apps နဲ႔ Games ေတြကိုပဲ အဓိကထားၿပီး ရည္ၫႊန္းျပသထားပါတယ္။

Play Movies, Play Music စတာေတြက Settings ရဲ႕ ေအာက္ကိုေရာက္သြားပါၿပီ။ ပုံစံကေတာ့ Shortcut လိုပုံစံပါပဲ။ Menus ထဲကို ေသခ်ာဝင္ၾကည့္မယ္ဆိုရင္ေတာ့ UI သစ္ ေျပာင္းလဲထားတဲ့ ပုံစံကို ပိုၿပီး သတိထားခံစားမိမွာပါ။ My Apps & Games နဲ႔ Settings Menus ေတြက အျဖဴေရာင္ျဖစ္သြားပါၿပီ။ အေပၚဘက္ ညာေထာင့္မွာ ေတြ႕ရတဲ့ Search Option ကို မေတြ႕ရေတာ့ပါဘူး။

Account Menu ကိုလည္း ျပန္ၿပီးစုစုစည္းစည္း ျဖစ္သြားေအာင္ လုပ္ထားတာကို ေတြ႕ရပါတယ္။ List ေတြအစား Tabs ေတြ ျဖစ္သြားပါတယ္။ Wishlist Nenu ကလည္း Notifications နဲ႔ Subscriptions ေတြနဲ႔အတူ အုပ္စုတစ္ခုတည္းမွာ ျဖစ္သြားပါတယ္။ ေနာက္ဆုံး Stable Version က 12.6.13 ျဖစ္ပါတယ္။ အကယ္၍ Version ေဟာင္းပဲ ျဖစ္ေနရင္ေတာ့ Restarting လုပ္ၾကည့္ရမွာ ျဖစ္ပါတယ္။ Saver-side ေတြ မတူညီလို႔ Update ေနာက္က်ေနေသးတာလည္း ျဖစ္ႏိုင္ပါတယ္။

Ref: GSMarena

[Unicode]

Google ဟာ Google Play Store App အတွက် UI ဒီဇိုင်းကို ပြန်လည် ပြုပြင်နေပါတယ်။ ဒီနှစ်ဦးပိုင်းကတည်းက တဖြည်းဖြည်းနဲ့ ပြုပြင်လာခဲ့တာဖြစ်ပြီး အခု နှစ်ကုန်ဆုံးကာနီးမှာတော့ Stable update ကို ထုတ်နိုင်ခဲ့သလို အားလုံးသုံးစွဲဖို့အတွက် ထုတ်လွှတ်ပေးတော့မယ်လို့ သိရပါတယ်။

ပြောင်းလဲလိုက်တဲ့ UI ဒီဇိုင်းအသစ်မှာ ရှုပ်ထွေးတယ်လို့ ခံစားရစေမယ့် ပုံစံမျိုးတွေကို ဖယ်ရှားခဲ့ပြီး ပိုမိုရှင်းလင်းတဲ့ အသွင်အပြင်ဖြစ်အောင် အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။ ပထမဦးဆုံး သတိထားမိတာကတော့ Navigation drawer ပါပဲ။ Apps နဲ့ Games တွေကိုပဲ အဓိကထားပြီး ရည်ညွှန်းပြသထားပါတယ်။

Play Movies, Play Music စတာတွေက Settings ရဲ့ အောက်ကိုရောက်သွားပါပြီ။ ပုံစံကတော့ Shortcut လိုပုံစံပါပဲ။ Menus ထဲကို သေချာဝင်ကြည့်မယ်ဆိုရင်တော့ UI သစ် ပြောင်းလဲထားတဲ့ ပုံစံကို ပိုပြီး သတိထားခံစားမိမှာပါ။ My Apps & Games နဲ့ Settings Menus တွေက အဖြူရောင်ဖြစ်သွားပါပြီ။ အပေါ်ဘက် ညာထောင့်မှာ တွေ့ရတဲ့ Search Option ကို မတွေ့ရတော့ပါဘူး။

Account Menu ကိုလည်း ပြန်ပြီးစုစုစည်းစည်း ဖြစ်သွားအောင် လုပ်ထားတာကို တွေ့ရပါတယ်။ List တွေအစား Tabs တွေ ဖြစ်သွားပါတယ်။ Wishlist Menu ကလည်း Notifications နဲ့ Subscriptions တွေနဲ့အတူ အုပ်စုတစ်ခုတည်းမှာ ဖြစ်သွားပါတယ်။ နောက်ဆုံး Stable Version က 12.6.13 ဖြစ်ပါတယ်။ အကယ်၍ Version ဟောင်းပဲ ဖြစ်နေရင်တော့ Restarting လုပ်ကြည့်ရမှာ ဖြစ်ပါတယ်။ Saver-side တွေ မတူညီလို့ Update နောက်ကျနေသေးတာလည်း ဖြစ်နိုင်ပါတယ်။

Ref: GSMarena