Android အတွက် Application တွေအများအပြားရှိတယ်ဆိုပေမယ့် လူသုံးအများဆုံး App တွေကတော့ နာမည်ကြီး Google နဲ့ တခြားကုမ္ပဏီကြီးတွေက ထုတ်ထားတဲ့ App တွေပဲဖြစ်ပါတယ်။ အခုလည်း Android App တွေထဲမှာ ပထမဆုံးအနေနဲ့ Install ပြုလုပ်မှုပေါင်းအကြိမ်ရေ ၁၀ ဘီလီယံပြည့်သွားတဲ့ ပထမဆုံး App ထွက်ပေါ်လာပါပြီ။

အဆိုပါ App ကတော့ Google ရဲ့ Play Services App ပဲဖြစ်ပါတယ်။ ဒါကလည်း Android စမတ်ဖုန်းအကုန်လုံးနီးပါးမှာ Google Services ကိုအသုံးပြုနေပြီးတော့ အဲ့ဒီအတွက် Play Services App ကလည်း မရှိမဖြစ်လိုအပ်နေတာကြောင့်ဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Google ကိုယ်တိုင်ကလည်း Android ဖုန်းတွေမှာ Play Services App ကို Pre-installed အနေနဲ့ ၂၀၁၂ ခုနှစ်ကတည်းက ထည့်သွင်းနေခဲ့တယ်လို့ သိရပါတယ်။

Google Play Services App ဟာ Android စမတ်ဖုန်းတွေမှာ Google Mobile Services အတွက်တင်လိုအပ်တာမဟုတ်ဘဲ Third-party App တွေကပါ အသုံးပြုနေတဲ့ App တစ်ခုဖြစ်ပါတယ်။ Android Device တွေအတွက် လိုအပ်တဲ့ API တွေဖြစ်တဲ့ Nearby Sharing နဲ့ တခြားသော Feature တွေကလည်း Play Services App ရှိမှပဲ အလုပ်လုပ်ကိုင်နိုင်တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်ထပ် Install ပြုလုပ်မှုပေါင်း ၁၀ ဘီလီယံအထိရောက်လာနိုင်မယ့် Third-party App ရှိလာနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – 9to5Google