Google ဟာ Pixel ဖုန်းတွေအတွက် Android 11 Beta ကို ပြီးခဲ့တဲ့ ဇွန်လကတည်းက ထုတ်ပေးနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ်တုန်းကလည်း ဒုတိယမြောက် Android 11 Beta 2 ကို ထုတ်ပေးခဲ့ပါသေးတယ်။

အခုလည်း Google ကနေ Pixel 4 စမတ်ဖုန်းတွေမှာ ကြုံတွေ့နေရတဲ့ Display Issue တွေနဲ့ မကြာခဏ ဖုန်းက Crash ဖြစ်တာကို ပြင်ဆင်ပေးဖို့အတွက် Android 11 Beta 2.5 ကို ထုတ်ပေးလိုက်ပါပြီ။ အဆိုပါ Beta 2.5 Patch ဟာ အဓိကအနေနဲ့ Pixel 4 ဖုန်းတွေမှာ ကြုံတွေ့နေရတဲ့ Low Brightness Level မှာ Display က Flicker ထနေတဲ့ ပြဿနာကို အဓိကဖြေရှင်းထားတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Android 10 ကို ပြန်ဆင်းတဲ့အချိန်မှာ OTA Update မရရှိတာမျိုးကိုလည်း Fix လုပ်ပေးထားတယ်လို့ သိရပါတယ်။

ကျန်တဲ့ပြင်ဆင်မှုတွေကတော့ Google App တွေနဲ့သက်ဆိုင်ပြီးတော့ Camera App ကို အသုံးပြုနေတဲ့အချိန် Video Recording ပြုလုပ်မှုကို Interrupted လုပ်မိတာနဲ့ ဖုန်းပြောတဲ့အချိန်မှာ Speaker ကို Default Audio Device တွေနဲ့ သတ်မှတ်ထားတာမျိုးကိုလည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ အဆိုပါ Beta 2.5 ရဲ့ Changelog ကိုတော့ အောက်မှာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Pixel ဖုန်းတွေဟာ လာမယ့်သြဂုတ်လအတွင်းမှာ နောက်ဆုံး Android 11 Beta ဖြစ်တဲ့ Beta 3 ကိုရရှိမှာဖြစ်ပြီး Stable Android 11 Update ကိုတော့ လာမယ့်စက်တင်ဘာလဝန်းကျင်မှာရရှိသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကျန်တဲ့စမတ်ဖုန်းတွေအနေနဲ့ကတော့ Android 11 Update ကို Pixel ဖုန်းတွေရရှိပြီး လပိုင်းအကြာမှပဲရရှိဖို့များနေပါတယ်။

Ref – 9to5Google