Google ဟာ Android 12 Stable Update ကို Pixel ဖုန်းတွေအတွက် တရားဝင်ထုတ်ပေးထားတာ လအနည်းငယ်ရှိသွားပြီဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာတော့ Google ကနေ ပထမဆုံးအနေနဲ့ Android 13 ကို Developer Preview အနေနဲ့ တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

အခု Android 13 Update ဟာ လူတိုင်းအသုံးပြုနိုင်မှာမဟုတ်ဘဲ Developer Preview ဖြစ်တာကြောင့် အဓိကအနေနဲ့ Developer တွေအသုံးပြုဖို့အတွက်ပဲ ရည်ရွယ်ထားမှာဖြစ်ပါတယ်။ တကယ်လို့ စမ်းသပ်သုံးစွဲချင်တယ်ဆိုရင်တော့ လာမယ့် ဧပြီလဝန်းကျင်မှာ ပထမဆုံး Android 13 Beta ကိုထုတ်ပေးသွားမှာဖြစ်ပါတယ်။

Google က ယခု Android 13 Developer Preview နဲ့အတူ Android 13 ကို Update ပြုလုပ်သွားမယ့် Timeline ကိုလည်း ဖော်ပြခဲ့ပါတယ်။ အဆိုပါ Timeline အရ Developer Preview Update ၂ ခု၊ Beta Update ၄ ခုရှိမှာဖြစ်ပြီး Android 13 Stable Update ကို သုံးဖို့အတွက်ကတော့ လာမယ့် ဇူလိုင်လနောက်ပိုင်း၊ သြဂုတ်လဝန်းကျင်ကြမှ Update ထုတ်ပေးသွားမှာပါ။

ယခု Android 13 Update ဟာ Developer Preview ပဲရှိသေးတာကြောင့် Feature အသစ်တွေတော့ အများအပြားပါဝင်ဦးမှာမဟုတ်ပါဘူး။ လက်ရှိ သိရှိရသလောက်ကတော့ Android 13 မှာ Custom App Icon Theme တွေ၊ Per-App Language Preference နဲ့ Permission ပိုင်းကို Update ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

Ref – GSM Arena