စွမ်းရည်နိမ့် စမတ်ဖုန်းတွေမှာ လျှင်မြန်သွက်လက်စွာ အလုပ်လုပ်နိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ Gmail Go App ကို Google က ဖန်တီးပေးထားပါတယ်။ Gmail Go ကို Android Go ဖုန်းတွေမှာ ထည့်သွင်းထားကြပါတယ်။ အခုတော့ တခြား စွမ်းရည်နိမ့် Android ဖုန်းတွေမှာ သုံးနိုင်အောင် Google က ပြုလုပ်ပေးလိုက်ပါတယ်။

အခုဆိုရင် Gmail Go App ကို Play Store ကနေ Android ဖုန်းတိုင်းမှာ အင်စတောလုပ်နိုင်ပါပြီ။ ကန့်သတ်ချက်တွေ လုံးဝ မရှိတော့ပါဘူး။ သင့် ဖုန်းဟာ စွမ်းရည်နိမ့်လို့ပဲ ဖြစ်ဖြစ်၊ သုံးတာကြာလို့ စွမ်းရည်နိမ့်သွားတာပဲ ဖြစ်ဖြစ် Gmail Go က တော်တော် အဆင်ပြေမှာပါ။

Gmail Go မှာ စွမ်းရည်မြင့် Gmail App ရဲ့ လုပ်ဆောင်ချက် အားလုံးပါပေမယ့် ရုပ်ထွက်တွေကို လျှော့ချထားခြင်းဖြင့် ပေါ့ပါးအောင် လုပ်ထားပါတယ်။ ဒါ့အပြင် Google Meet ကိုလည်း အသုံးပြုလို့ မရပါဘူး။ UI က ရှင်းလင်းပြီး မျက်စိပသာဒ ဖြစ်စေတဲ့ Shadows တွေ ဖယ်ရှားထားပါတယ်။

Gmail Go ကို Play Store ကနေ အင်စတော လုပ်နိုင်ပါပြီ။ သင့်ဖုန်းဟာ စွမ်းရည်မြင့် Gmail ကို ကောင်းကောင်းနိုင်နင်းတယ်ဆိုရင်‌တော့ အဲဒါကိုပဲ သုံးစေချင်ပါတယ်။ RAM နည်းပြီး လေးလံတဲ့ ဖုန်းတွေမှာ Gmail Go ပြောင်းသုံးဖို့ တိုက်တွန်းချင်ပါတယ်။

Ref : gizmochina