အင်တာနက်ကမ္ဘာပေါ်က Search Engine တွေထဲမှာ နာမည်အကြီးဆုံး ဖြစ်တဲ့ Google Search ကို လူတွေ နေ့တိုင်း အသုံးပြုနေကြပါတယ်။ အဲဒီအတွက် Google ကလည်း သူ့ရဲ့ Search Engine ကို ပိုကောင်းအောင် အမြဲပြုလုပ်နေပါတယ်။ အခုလည်း မိုဘိုင်းဖုန်းရဲ့ Google Search မှာ Result တွေကို Continuous Scroll ပြုလုပ်နိုင်အောင် ဖန်တီးပေးလိုက်ပါတယ်။

How-To Guide: Ways To Refine Your Google Search Results

ဒီလုပ်ဆောင်ချက်ကြောင့် User တွေဟာ Page ၄ ခုကို တစ်ဆက်တည်း ကြည့်ရှုနိုင်မှာ ဖြစ်ပြီး အဆုံးမှာ See More Button ကို မြင်ရမှာ ဖြစ်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်အသစ်ကို Android နဲ့ iOS ရဲ့ Google Search App တွေမှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Google က “ ဒီနေ့ကစပြီး အမေရိကန်က မိုဘိုင်း Device တွေမှာ အင်္ဂလိပ်လို ရှာဖွေမှုအများစုအတွက် Continuous Scrolling ကို ပြုလုပ်ပေးလိုက်ပါပြီ။ “ လို့ တွစ်တာမှာ ပို့စ်တင်ထားပါတယ်။

User တွေဟာ Page ၄ ခုရဲ့ အောက်ဆုံးမှာ See More Button ကို မြင်ရမှာ ဖြစ်ပြီး အဲဒီ Button ကို နှိပ်ရင် နောက်ထပ် Search Result တွေကို ပြသပေးမှာ ဖြစ်ပါတယ်။ Google က အဲဒီ Continuous Scroll လုပ်ဆောင်ချက်ကြောင့် User တွေဟာ ဟင်းချက်တာလို အလုပ်တွေအတွက် အိုင်ဒီယာတွေ ပိုရလာနိုင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အဲဒီ လုပ်ဆောင်ချက် အသစ်ကြောင့် Google ဟာ ကြော်ငြာတွေကို User တွေမြင်အောင် ပိုမို ပြသလာနိုင်ပါတယ်။

Ref : gsmarena