Google ရဲ့ Game Streaming Service တစ်ခုဖြစ်တဲ့ Stadia ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် Game တွေအတော်များများကို ဆော့ကစားလို့ရနေပြီဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ အားနည်းချက်တစ်ခုကတော့ စမတ်ဖုန်းနဲ့ဆော့ကစားမယ်ဆိုရင် Google Pixel ဖုန်းတွေကိုပဲ Support ပြုလုပ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ဒါက ယခုဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာစတင်ပြီး ပြောင်းလဲသွားတော့မှာဖြစ်ပါတယ်။ Google ကနေ Stadia ကို Samsung ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ S20 Series ဖုန်းတွေနဲ့ Gaming Phone တွေဖြစ်တဲ့ Razer နဲ့ ASUS ROG Phone တွေအပြင် တခြားသော Samsung Flagship ဖုန်းအများအပြားကိုပါ Support ပြုလုပ်တော့မှာပါ။

အခု Google Stadia ကို ဆော့ကစားနိုင်မယ့် စမတ်ဖုန်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပြီး ပြီးခဲ့တဲ့ Galaxy S8 Series ဖုန်းတွေက စတင်ပြီးတော့ နောက်ဆုံး Galaxy S20 Series တွေအထိ S Series နဲ့ Note Series ဖုန်းတွေအကုန် ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်ကမိတ်ဆက်ထားခဲ့တဲ့ S10 Lite နဲ့ Note 10 Lite ဖုန်းတွေတော့ ပါဝင်ခြင်းမရှိပါဘူး။

Gaming Phone တွေအနေနဲ့လည်း Razer နဲ့ ROG Phone တွေကို 1st Gen နဲ့ 2nd Gen ဖုန်းတွေအကုန် Support ပြုလုပ်တယ်ဆိုပေမယ့် တခြားသော Gaming Phone တွေဖြစ်တဲ့ Xiaomi Black Shark ၊ Nubia Red Magic လိုမျိုး ဖုန်းတွေတော့ ပါဝင်ခြင်းမရှိခဲ့ပါဘူး။

ဘာပဲဖြစ်ဖြစ် Google Stadia ဟာ ယခုနှစ်အတွင်းမှာ ဂိမ်းပေါင်း ၁၀၀ ကျော်ရှိလာမယ်လို့ ကတိပေးထားတဲ့အပြင် Cyberpunk 2077 လို ဂိမ်းတွေကိုပါ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Free Version အနေနဲ့ပါ ထုတ်ပေးသွားဖို့ရှိနေတဲ့အတွက် ဒီနှစ်မှာတေ့ာ Google Stadia က ပိုပြီးအောင်မြင်လာနိုင်ပါတယ်။

Ref – Android Authority