Google Play Store မှာ Application တွေ ဂိမ်းတွေကို Download ပြုလုပ်နိုင်တဲ့အပြင် တကယ်လို့ ရုပ်ရှင်တွေ၊ TV Show တွေကို တရားဝင်ဝယ်ယူပြီး ကြည့်ချင်တယ်ဆိုရင်လည်း ရောင်းချနေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Google ဟာ မကြာခင်မှာ အခုလိုမျိုးရောင်းချနေမှုကို ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။

Google ရဲ့ Support Page မှာ ဖော်ပြချက်အရ လက်ရှိ Google Play Movie & TV မှာ ဝယ်ယူရရှိနိုင်မယ့် ရုပ်ရှင်နဲ့ TV Show တွေဟာ မေလမှာ မရရှိနိုင်တော့ဘဲ Google TV App ကနေပဲ ပြောင်းလဲဝယ်ယူရမယ်လို့သိရပါတယ်။ အဆိုပါ Google TV App မှာလည်း လက်ရှိ Play Store မှာ ရရှိနိုင်တဲ့ ရုပ်ရှင်နဲ့ TV Show တွေအကုန်ရရှိနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး Google TV မှာ ပြောင်းလဲဝယ်ယူရမှာဖြစ်ပေမယ့်လည်း Google Play ရဲ့ Gift Card နဲ့ Play Credit တွေကို အသုံးပြုပြီးဝယ်ယူနိုင်ဦးမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Google TV ဟာ Play Store နဲ့ မပေါင်းစပ်ဘဲ သီးသန့်အနေနဲ့ ဖြစ်သွားမယ်လို့ ယူဆရပါတယ်။

Google ဟာ အလားတူပြောင်းလဲမှုမျိုးကို Play Music ကနေ YouTube Music ကို ပြောင်းလဲမှုမှာလည်း ပြုလုပ်ခဲ့ဖူးပြီး အခုအချိန်မှာဆိုရင် YouTube Music ဟာ ယခင်ထက်ပိုပြီး အောင်မြင်မှုရရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် Google အနေနဲ့ ရုပ်ရှင်နဲ့ TV Show အတွက်လည်း အလားတူ ခွဲထွက်ဖို့ ပြုလုပ်နေတာဖြစ်နိုင်ပါတယ်။

Ref – The Verge