အခုနောက်ပိုင်းမှာ အလုပ်တွေအတော်များများကို အိမ်ကနေပဲ အလုပ်လုပ်ကိုင်လာရတဲ့အတွက် Video Conferencing App တွေကို အသုံးပြုနှုန်းကလည်း ပိုပြီးများပြားလာပါတယ်။ အဲ့ဒီထဲမှာ Google ရဲ့ Video Conferencing App တစ်ခုဖြစ်တဲ့ Hangouts Meet ကလည်း အပါအဝင်ဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google ကနေ အဆိုပါ Hangouts Meet ကို Google Meet ဆိုပြီး တရားဝင်နာမည်ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ နာမည်ပြောင်းလဲမှုကို Google ရဲ့ Product Management Director ၂ ဦးဖြစ်တဲ့ Karthik Lakshminarayanan နဲ့ Smita Hashim တို့က မကြာသေးခင်ကမှ Cloud Blog Post တစ်ခုနဲ့အတူ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် Google ကနေ အခုလိုမျိုး Google Meet ဆိုပြီး နာမည်ပြောင်းလဲလိုက်တဲ့အပြင် Google Meet ဟာ G Suite ရဲ့ သီးသန့်အစိတ်အပိုင်းတစ်ခုအနေနဲ့ ပြောင်းလဲရပ်တည်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ G Suite ဟာဆိုရင် စီးပွားရေးလုပ်ငန်းတွေအတွက် Gmail ၊ Docs ၊ Sheets ၊ Drive နဲ့ Hangouts Chat တို့ပါဝင်တဲ့ Business Service တစ်ခုလည်းဖြစ်ပါတယ်။

Google ဟာ ယခင်ထဲက Consumer Product တွေမှာ Hangouts နာမည်ကို သုံးစွဲခြင်းမရှိတော့တာဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် Google Meet ကို အသုံးပြုသူက ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကထက် ၂၅ ဆ ပိုမိုများပြားနေပြီဖြစ်သလို နေ့စဥ် အသုံးပြုသူ ၂ သန်းလောက်တိုးလာတယ်လို့ သိရပါတယ်။

Ref – The Verge