“ဘီကီနီ ဝတ်ပေးပါ”၊ “အဝတ်အစား ဖယ်လိုက်ပါ” ဆိုပြီး စာရိုက်ထည့်လိုက်ရုံနဲ့ လူအစစ်ပုံတွေကို Deepfake လုပ်ပေးနေတဲ့ Grok AI ရဲ့ လုပ်ရပ်ကို Elon Musk ပိုင်ဆိုင်တဲ့ X ပလက်ဖောင်းက အဆုံးသတ်လိုက်ပါပြီ။

xAI has faced global backlash over the proliferation of sexualised deepfake images. (Photo: AFP)

ကမ္ဘာတစ်ဝန်းက ဝေဖန်မှုတွေ အကြီးအကျယ် မြင့်တက်လာသလို၊ California ရှေ့နေချုပ်ကလည်း “ဒါဟာ ထိတ်လန့်စရာကောင်းတဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုပဲ” ဆိုပြီး တရားစွဲဖို့ ပြင်ဆင်လာတဲ့နောက်မှာတော့ X ကုမ္ပဏီဘက်က အခုလို အရေးယူမှုတွေ စတင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

How Elon Musk's Grok spread sexual deepfakes and child exploitation images

ဘာတွေ ပြောင်းလဲသွားမလဲ?

 

🛑 No More Nudes: Grok AI ကို သုံးပြီး လူအစစ်တွေရဲ့ ပုံတွေကို ဘီကီနီ၊ အတွင်းခံ လိုမျိုး ဝတ်စုံတွေနဲ့ ပုံဖော်ဖန်တီးတာ၊ ရှိရင်းစွဲ အဝတ်အစားတွေကို ဖယ်ရှားတာမျိုး လုပ်လို့ရတော့မှာ မဟုတ်ပါဘူး။

🛑 Geoblock: ဒီလို ပုံဖန်တီးတာကို တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ နိုင်ငံနဲ့ ဒေသတွေမှာဆိုရင် Grok ရဲ့ ပုံဖန်တီးနိုင်စွမ်းကို နေရာဒေသအလိုက် ပိတ်ပင် (Geoblock) သွားမှာပါ။

🛑 Paid Only: ပုံဖန်တီးတဲ့ စနစ်နဲ့ ပုံပြင်တဲ့ စနစ်ကို အခမဲ့ ပေးမသုံးတော့ဘဲ အခပေး သုံးစွဲသူတွေ (Paid subscribers) အတွက်သာ သီးသန့် ကန့်သတ်လိုက်ပါပြီ။

 

အခြေအနေ ဘယ်လောက်ဆိုးခဲ့လဲ?

AI Forensics အဖွဲ့ရဲ့ စစ်ဆေးချက်အရ Grok ထုတ်လုပ်တဲ့ ပုံပေါင်း ၂၀,၀၀၀ ကျော်မှာ ထက်ဝက်ကျော်က အမျိုးသမီးတွေရဲ့ အဝတ်အစား မလုံမခြုံပုံတွေ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဒီအထဲမှာ ကလေးငယ်တွေရဲ့ ပုံတွေတောင် ပါဝင်နေတာပါ။

 

ဒီကိစ္စကြောင့် အင်ဒိုနီးရှား နဲ့ မလေးရှား နိုင်ငံတွေက Grok ကို နိုင်ငံတွင်း သုံးစွဲခွင့် လုံးဝ ပိတ်ပင်ပစ်လိုက်သလို၊ EU နဲ့ UK အာဏာပိုင်တွေကလည်း X ကို မျက်ခြေမပြတ် စောင့်ကြည့်နေကြပါပြီ။ X ရဲ့ လုံခြုံရေးအဖွဲ့ကတော့ “ကျွန်တော်တို့ နည်းပညာပိုင်းဆိုင်ရာ အတားအဆီးတွေ ထည့်သွင်းထားပြီးပါပြီ” လို့ ပြောဆိုကာ မီးငြှိမ်းဖို့ ကြိုးစားနေပါတယ်။

Ref : Bangkokpost