Apple ဟာ iOS, iPadOS နဲ့ MacOS တို့ရဲ့ First-party App တွေမှာ ကြော်ငြာတွေကို မကြာခင် ပိုမို ပြသတော့မှာ ဖြစ်ပါတယ်။ Bloomberg ရဲ့ Mark Gurman က Apple ဟာ ကြော်ငြာ စီးပွားရေး လုပ်ငန်းကို တိုးချဲ့ဖို့ ကြိုးစားနေပြီး ရှာဖွေမှု အခြေပြု အကြံပြုချက်တွေကို ပြသပေးတဲ့ Apple Maps မှာ ကြော်ငြာ မော်ဒယ် အသစ် ၁ ခုကို စမ်းသပ်နေတယ်လို့ ပြောပါတယ်။

AskByGeeks | Gurman: Apple to show more ads inside its first-party apps

Apple ဟာ လက်ရှိမှာ App Store, News ,Stocks App နဲ့ TV+ Platform တွေမှာ ကြော်ငြာတွေ ပြသနေပါတယ်။ Developer တွေက App Store က Search Page မှာ သူတို့ရဲ့ App တွေကို ပြသပေးဖို့ Apple ကို အခကြေးငွေပေးနိုင်ပါတယ်။ News နဲ့ Stocks App တွေက ကြော်ငြာတွေဟာ ဝက်ဘ်ဆိုက်တွေမှာလို အရွယ်အစားကြီးမားတဲ့ Banner တွေ ဖြစ်ပါတယ်။ Apple TV+ မှာ MLB Friday Night Baseball ရဲ့ ကြော်ငြာတွေကိုပြသထားပါတယ်။

Apple might soon start showing ads in first-party apps | Colors of India

iOS 14.5 မှာ ထည့်သွင်းခဲ့တဲ့ Apple ရဲ့ App Tracking Transparency (ATT) လုပ်ဆောင်ချက်ဟာ Developer တွေအတွက် ကြော်ငြာ ဝင်ငွေတွေကို အကျိုးသက်ရောက်မှု ရှိပါတယ်။ ATT က User တွေဟာ ပစ်မှတ်ထားတဲ့ ကြော်ငြာတွေကို ပြသဖို့ Developer တွေ သုံးတဲ့ Tracking Tool ကို မရွေးချယ်ခွင့်ရှိပါတယ်။

ဒီနှစ် အစောပိုင်းမှာ Financial Times က Apple ရဲ့ App Tracking မူဝါဒဟာ လူမှုကွန်ရက် ပလက်ဖောင်းတွေကို ဒေါ်လာ ၁၀ ဘီလီယမ် နီးပါး ကုန်ကျစေခဲ့တယ်လို့ ပြောပါတယ်။ ဈေးကွက် သုတေသန အဖွဲ့အစည်း Omdia ရဲ့ ဒေတာတွေအရ Apple ရဲ့ ကြော်ငြာ ဝင်ငွေဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၃.၇ ဘီလီယမ် အထိ တိုးတက်ခဲ့တယ်လို့ သိရပါတယ်။

Ref : gsmarena