နာမည်ကြီး ဒစ်ဂျစ်တယ် အနုပညာရှင် Beeple ရဲ့ တွစ်တာ အကောင့်ကို ဟက်ကာတွေက ခိုးယူကာ Follower တွေထံကနေ ဒေါ်လာ ၄ သိန်းကျော်ဖိုး NFT နဲ့ Crypto တွေ ခိုးယူသွားခဲ့ပါတယ်။ ဟက်ကာတွေဟာ Beeple ရဲ့ တွစ်တာ အကောင့်ကို ၅ နာရီကြာ ခိုးယူထားခဲ့တာ ဖြစ်ပြီး MetaMask Wallet မှ Mutant Ape Yacht Club , VeeFriends တို့လို တန်ဖိုးကြီး NFT တွေနဲ့ Ethereum တွေကို ခိုးယူနိုင်တဲ့ လင့်တွေ ပါတဲ့ ပို့စ်ကို မျှဝေခဲ့တာ ဖြစ်ပါတယ်။

ပို့စ်မှာ Louis Vuitton နဲ့ ပူးပေါင်းကာ ကံစမ်းမဲဖောက်ပေးမှာ ဖြစ်တယ်လို့ ရေးသားထားပြီး ကံစမ်းမဲ လက်မှတ် ၁ စောင်ကို 1 ETH နဲ့ ရောင်းချခဲ့ပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာ MetaMask လုံခြုံရေး ဝန်ထမ်း ၁ ယောက်က အဲဒီ ပို့စ်ဟာ သံသယ ဖြစ်စရာ ကောင်းတယ်လို့ Report တင်ခဲ့ပေမယ့် ဟက်ကာတွေဟာ Beeple ရဲ့ Follower တွေထံကနေ ဒေါ်လာ သိန်းဂဏန်း ရရှိသွားခဲ့ပါတယ်။

ပထမ Tweet မှာ ဟက်ကာတွေဟာ ဒေါ်လာ ၇၃,၀၀၀ တန်ကြေးရှိ 36 Ether ကို ရသွားခဲ့ပြီး ဒုတိယ Tweet မှာ ဒေါ်လာ ၃၆၅,၀၀၀ တန်ကြေးရှိ NFT နဲ့ Crypto တွေကို လိမ်လည်နိုင်ခဲ့ပါတယ်။

Beeple က သူ့ရဲ့ တွစ်တာ အကောင့်ကို ပြန်လည် ရရှိသွားပြီးနောက်မှာ အဲဒါတွေဟာ အလိမ်အညာတွေ ဖြစ်တယ်ဆိုတာ ရှင်းပြခဲ့ပါတယ်။

ဒီလို နာမည်ကြီး အနုပညာရှင်ကို ပစ်မှတ်ထားကာ လိမ်လည်တာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ NFT ဖန်တီးသူ Discord ဟာ ဟက်ကာတွေရဲ့ တိုက်ခိုက်မှု ခံခဲ့ရပြီး ဒေါ်လာ ၇၆,၀၀၀ တန်ကြေးရှိ 38 ETH ခိုးယူခံခဲ့ရပါတယ်။

Ref : news.artnet