Huawei ဟာ ၂၀၁၉ ဩဂုတ်လမှာ ကိုယ်တိုင် ဖန်တီးထားတဲ့ HarmonyOS (Hongmeng OS) ကို ကြေညာခဲ့ပါတယ်။ အဲဒီ OS ကို Device မျိုးစုံမှာ သုံးလို့ရအောင် ဖန်တီးထားတာ ဖြစ်ပြီး အစောဆုံး အနေနဲ့ Huawei စမတ် တီဗီတွေမှာ ထည့်သွင်းပေးဖို့ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ရဲ့ ဖိအားတွေကြောင့် Huawei ဟာ HarmonyOS ကို ပလက်ဖောင်းများစွာမှာ မြန်မြန် သုံးလို့ရအောင် အရှိန်မြှင့် လုပ်ဆောင်ခဲ့ပါတယ်။

What Is Harmony OS? Huawei's New Operating System Explained

Huawei Developer Conference (HDC) 2020 မှာ Huawei က အရင်မျိုးဆက်ထက် ပလက်ဖောင်းများစွာမှာ ပိုသုံးလို့ရလာတဲ့ HarmonyOS 2.0 ကို ကြေညာခဲ့ပါတယ်။ Huawei က HarmonyOS 2.0 ဟာ Smart Wearable နဲ့ တခြား IoT Device တွေလို 128MB RAM လောက်ပဲရှိတဲ့ Device တွေမှာတောင် အသုံးပြုလို့ရတယ်လို့ ကြေညာထားပါတယ်။ ၂၀၂၁ မှာ တက်ဘလက်နဲ့ စွမ်းရည်နိမ့် စမတ်ဖုန်းတွေလို 4GB RAM အထိရှိတဲ့ Device တွေနဲ့ ၂၀၂၁ အကုန်မှာ 4GB RAM ကျော်တဲ့ Device တွေအထိ ထောက်ပံ့ပေးမှာပါ။

Huawei Exec: Harmony OS has reached 70-80% the level of Android - Gizmochina

Huawei Consumer ဌာနက စီအီးအို Richard Yu က အဲဒီ OS ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို ၂၀၂၁ မှာ ကြေညာမယ်လို့ ပြောထားပါတယ်။ အခုတော့ HarmonyOS ရမယ့် Device စာရင်း ၁ ခုပေါက်ကြားထွက်ပေါ်လာပြီး Honor Device တွေလည်း ပါပါတယ်။

Huawei ဟာ အစောပိုင်းမှာ HarmonyOS ကို တရုတ်မှာပဲ ဖြန့်ချိပေးပြီး နောက်ပိုင်းကျမှ နိုင်ငံတကာအတွက် ထုတ်လုပ်ပေးမယ်လို့ ထင်ပါတယ်။ Huawei Mobile Services (HMS) ထည့်ထားတဲ့ Device တွေအတွက် အရင်ဆုံး ဖြန့်ချိပေးနိုင်ပါတယ်။ အခုစာရင်းကို Huawei က တရားဝင် ကြေညာထားတာ မဟုတ်တာကို သတိပြုပါ။

HarmonyOS eligible Huawei devices:

  1. Huawei Mate 40
  2. Huawei Mate 40 Pro
  3. Huawei Mate 40 Pro+
  4. Huawei Mate 40 RS Porsche Design
  5. Huawei Mate X
  6. Huawei Mate Xs
  7. Huawei P40
  8. Huawei P40 Pro
  9. Huawei P40 Pro+
  10. Huawei Mate 30 4G
  11. Huawei Mate 30 Pro 4G
  12. Huawei Mate 30 5G
  13. Huawei Mate 30 Pro 5G
  14. Huawei Mate 30 RS Porsche Design
  15. Huawei Nova 8 (Upcoming)
  16. Huawei Nova 8 Pro (Upcoming)
  17. Huawei Nova 7 Pro 5G
  18. Huawei Nova 7 5G
  19. Huawei Nova 7 SE
  20. Huawei P30
  21. Huawei P30 Pro
  22. Huawei Mate 20
  23. Huawei Mate 20 Pro
  24. Huawei Mate 20 X 4G
  25. Huawei Mate 20 X 5G
  26. Huawei Mate 20 RS
  27. Huawei Nova 6 5G
  28. Huawei Nova 6 SE

HarmonyOS eligible Honor devices:

  1. Honor V40 (Upcoming)
  2. Honor 30 Pro
  3. Honor 30 Pro+
  4. Honor V30
  5. Honor V30 Pro
  6. Honor Play 4 Pro
  7. Honor X10 5G
  8. Honor 30
  9. Honor 30S
  10. Honor X10 5G
  11. Honor 20 Pro
  12. Honor 20
  13. Honor 9X
  14. Honor 9X Pro

Wearables:

Huawei Watch GT 2 Pro (pre-installed – Chinese version)

Huawei Watch GT 2e

Huawei Watch GT 2

Tablets:

Huawei MatePad Pro

Huawei MatePad Pro 5G

Honor Tablet V6

Ref : huaweicentral