Huawei ရဲ့ HarmonyOS ဟာ Apple iOS ကို ကျော်တက်ပြီး ၂၀၂၄ ခုနှစ်ရဲ့ တရုတ်မှာ ဒုတိယ လူကြိုက်အများဆုံး စမတ်ဖုန်း Operating System ဖြစ်လာတော့မယ်လို့ TechInsights ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

Huawei ဟာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုကို ကျော်လွှားကာ Mate 60 Series နဲ့ 5G ဈေးကွက်ထဲကို ဝင်ရောက်လာနိုင်တာက HarmonyOS အောင်မြင်မှုကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

နည်းဗျူဟာမြောက်တဲ့ Software Upgrade ကြောင့်လည်း HarmonyOS အောင်မြင်လာတာပါ။ HarmonyOS Next ကို ၂၀၂၄ ခုနှစ်မှာ ဖြန့်ချိမှာ ဖြစ်ပြီး Android Codebase မလိုဘဲ Native App တွေ ပါလာမှာပါ။

Alipay, JD.com, NetEase နဲ့ McDonald China တို့လို နည်းပညာ နယ်ပယ်မှ နာမည်ကြီး ကုမ္ပဏီတွေဟာ HarmonyOS ရဲ့ Ecosystem ကို ပံ့ပိုးပေးမယ့် Native App တွေ တိုးတက်လာအောင် ကူညီပေးနေပါတယ်။

Huawei launches HarmonyOS 2 for smartphones

လက်ရှိမှာ HarmonyOS ထည့်သွင်းထားတဲ့ Device ပေါင်း သန်း ၇၀၀ ကျော်ရှိပြီး Third-party Developer ပေါင်း ၂.၂ သန်းကျော်ရထားပါတယ်။ ဒါပေမယ့် HarmonyOS ဟာ နိုင်ငံတကာမှာ ကြီးစိုးနေတဲ့ Android နဲ့ iOS ကို ယှဉ်နိုင်ဖို့ ကြိုးစားရဦးမှာပါ။

Huawei ဟာ ၂၀၁၉ ခုနှစ် ဩဂုတ်လကတည်းက စမတ်ဖုန်း အားလုံးမှာ HarmonyOS ကို ထည့်သွင်းပေးခဲ့တာပါ။ ၂၀၂၄ ခုနှစ်မှာ ဖြန့်ချိမယ့် HarmonyOS Next မှာ Android App တွေကို မထောက်ပံ့တော့ဘဲ Huawei ရဲ့ Software နည်းဗျူဟာကို ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။

Ref : gizmochina