iPhone 15 Series ကို စက်တင်ဘာလ ၁၂ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး USB-C ကို ပြောင်းသုံးထားမှာပါ။ အခုတော့ iPhone 15 Series ရဲ့ အသေးစိတ် ကင်မရာ Specs တွေ ပေါက်ကြားလာပါတယ်။

iPhone 15 Series Set to Launch on September 12 at Apple's Wonderlust Event - MySmartPrice

iPhone 15 နဲ့ iPhone 15 Plus

iPhone 15 နဲ့ iPhone 15 Plus မှာ 48MP Main ကင်မရာနဲ့ အဆင့်မြှင့်ထားမှာ ဖြစ်ပေမယ့် လက်ရှိ iPhone 14 Pro Series ရဲ့ 48MP နဲ့ မတူဘူးလို့ သိရပါတယ်။ အဲဒီအစား iPhone 15 နဲ့ 15 Plus မှာ Stacked ဒီဇိုင်းပါတဲ့ Sony Sensor အသစ် တပ်ဆင်ထားမှာ ဖြစ်ပြီး Low Light အရည်အသွေး ပိုကောင်းမှာပါ။

Main camera: 48MP, f/1.6

Ultrawide: 12MP, f/2.4

iPhone 15 Pro

iPhone 15 Pro မှာ လက်ရှိ iPhone 14 Pro ရဲ့ 48MP Main ကင်မရာ ပါလာမှာ ဖြစ်ပြီး ပိုကောင်းတဲ့ Ultrawide ကင်မရာ အသစ်လည်း တပ်ထားမှာပါ။ Telephoto ကင်မရာရဲ့ အရည်အသွေး တိုးတက်လာမယ်လို့ ထင်ရပါတယ်။

Main camera: 48MP, f/1.8, Sony IMX803 1/1.3″

Telephoto: 12.7MP, f/2.8

Ultrawide: 13.4MP, f/2.2

iPhone 15 series battery details out, leak claims Apple would finally offer massive battery - India Today

iPhone 15 Pro Max

iPhone 15 Pro Max မှာ Pro နဲ့ တူညီတဲ့ Main နဲ့ Ultrawide ကင်မရာတွေ ပါလာမှာပါ။ ဒါပေမယ့် Periscope Zoom အသစ်ပါတဲ့ ပထမဆုံး iPhone ဖြစ်လာမှာပါ။ Zoom ဟာ 5x နဲ့ 10x အကြား ရှိမယ်လို့ သိရပါတယ်။

Main camera: 48MP, f/1.8, Sony IMX803 1/1.3″

Telephoto: 12.7MP, f/2.8, 85mm periscope lens, 1/1.9″

Ultrawide: 13.4MP, f/2.2

လေ့လာဆန်းစစ်သူတွေက Apple ဟာ နေရာ အခက်အခဲကြောင့် Periscope ကို Pro Max မှာပဲ ထည့်ပေးဖို့ ဆုံးဖြတ်လိုက်တာလို့ ပြောပါတယ်။ 15 Pro Max ရဲ့ ကင်မရာ Module ဟာ 15 Pro ထက် သိသိသာသာ ကြီးမားနေမှာပါ။

Ref : gsmarena