Huawei ဟာ အခုအချိန်မှာ Google Mobile Services (GMS) အစား ကိုယ်ပိုင် Huawei Mobile Services (HMS) ကိုပြောင်းလဲအသုံးပြုနေပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် အသုံးများတဲ့ Google App နဲ့ Service တွေဖြစ်တဲ့ Gmail ၊ Google Map တွေကိုလည်း ကိုယ်ပိုင် App နဲ့ Service တွေအတွက် အစားထိုးနေပြီဖြစ်ပါတယ်။
အခုလည်း Huawei HMS အသုံးပြုထားတဲ့စမတ်ဖုန်းတွေအတွက် Google Maps အစား ကောင်းကောင်းမွန်မွန်အသုံးပြုနိုင်မယ့် Map Application တစ်ခုကို Huawei App Gallery မှာ Download ရယူနိုင်ပြီပဲဖြစ်ပါတယ်။ အဲ့ဒါကတော့ ယခင်တုန်းက Here Maps လို့လူသိများတဲ့ Here WeGo Maps ဖြစ်ပါတယ်။
အဆိုပါ Here WeGo Maps ဟာဆိုရင် နိုင်ငံပေါင်း ၁၀၀ ကျော်မှာ အသုံးပြုနိုင်ပြီး မြို့ပေါင်း ၁,၃၀၀ ကျော်ကိုလည်း Coverage ရယူထားနိုင်တယ်လို့သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Full Walking ၊ Public Transport ၊ Bike နဲ့ Turn-by-Turn Navigation လိုမျိုး Feature တွေကိုလည်း အသုံးပြုနိုင်မှာပါ။ Internet မရှိတဲ့အချိန်မှာလည်း Offline အနေနဲ့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Maps Application ကောင်းကောင်းတစ်ခု Huawei အတွက်တော့ သတင်းကောင်းတစ်ခုဖြစ်သလို နောက်ပိုင်းမှာလည်း တခြားသော App တွေအတော်များများ Huawei App Gallery ကို ရောက်ရှိလာနိုင်ပါတယ်။ ဒါပေမယ့်လည်း Google Apps နဲ့ Service တွေကို ယှဥ်ပြိုင်နိုင်ပါ့မလားဆိုတာကိုတော့ ဆက်ပြီးစောင့်ကြည့်ရမှာပါ။
Ref – GSM Arena