နောက်ဆုံးထုတ် iPhone 14 Series ဟာ တန်ဖိုးကြီး စွမ်းရည်မြင့် ဖုန်းတွေ ဖြစ်ပြီး iPhone 14 Pro Max က အားလုံးထဲမှာ ဈေးအကြီးဆုံးပါ။ ဒါပေမယ့် အဲဒီ ဖုန်းတွေဟာ ဒေါ်လာ ၁၃၀,၀၀၀ ကျော်တန်တဲ့ Limited Edition Version တွေထက်တော့ ဈေးအများကြီး နည်းနေပါတယ်။

Caviar "Grand Complications" Rolex Daytona Built-In iPhone 14 | HYPEBEAST

Caviar က Rolex Daytona နာရီကို အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ iPhone 14 Pro Max ကို ဖန်တီးလိုက်ပါတယ်။ Caviar ဟာ စမတ်ဖုန်း၊ ဂိမ်းစက်နဲ့ တခြား ထုတ်ကုန်တွေရဲ့ အထူးထုတ် မော်ဒယ်တွေကို အလွန်မြင့်မားတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချလေ့ရှိပါတယ်။ အခု တစ်ကြိမ်မှာ ဒေါ်လာ ၁၃၀,၀၀၀ ကျော်တန်တဲ့ iPhone 14 Pro Max ကို ရောင်းချပေးလိုက်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်က iPhone 14 Pro Max Grand Complications Daytona ဖြစ်ပြီး ဒေါ်လာ ၁၃၄,၂၅၀ သတ်မှတ်ထားပါတယ်။

Apple

ဒါပေမယ့် အဲဒီ မော်ဒယ်မှာ 128GB Storage ထည့်ထားပါတယ်။ 512GB Version ကို ဒေါ်လာ ၁၃၄,၅၈၀ နဲ့ 1TB Version ကို ၁၃၅,၀၀၀ သတ်မှတ်ထားပါတယ်။ အဲဒီ ဖုန်းတွေမှာ တိုက်တေနီယမ် ကိုယ်ထည် တပ်ဆင်ထားပြီး အနက်ရောင် PVD Coating နဲ့ အုပ်ထားပါတယ်။ Rolex က Dials , Cases နဲ့ Bracelets တွေမှာ သုံးတဲ့ တူညီတဲ့ Coating ကို ထည့်သွင်းထားတာပါ။

iPhone 14 Pro Max Limited Edition ရဲ့ အဓိက လုပ်ဆောင်ချက်က Rolex Cosmograph Daytona ကို တပ်ဆင်ထားတာပါ။ နာရီမှာ ၄၀ မီလီမီတာ အဝါ ရွှေရောင် Watch Face ပါပြီး စိန်တွေနဲ့ အလှဆင်ထားပါတယ်။ ပြိုင်ကား Control Panel ရဲ့ ဆန်ဆာတွေလည်း ထည့်သွင်းထားပါတယ်။ မူလ iPhone 14 Pro Max ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၁,၀၉၉ ဒေါ်လာ တန်ကြေးရှိပြီး အခု အထူးထုတ် Edition က အဆ ၁၀၀ ကျော်ပိုဈေးများပါတယ်။

ref : gizmochina