ZTE က မျက်နှာပြင်အောက် ဆဲလ်ဖီးကင်မရာ ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းကို နောက်လ ၁ ရက်နေ့မှာ ကြေညာခြင်းဖြင့် စမတ်ဖုန်း လောကကို အံ့အားသင့်အောင် ပြုလုပ်တော့မှာပါ။ အဲဒီဖုန်းဟာ Axon 20 5G ဆိုတာ စာဖတ်သူတွေ သိပြီးကြလောက်ပါပြီ။ မျက်နှာပြင်အောက် ကင်မရာ နည်းပညာမှာ မျက်နှာပြင်ခံနေတဲ့အတွက် ကင်မရာဟာ အလင်းရောင်ကို လုံလောက်စွာ မရတဲ့ စိန်ခေါ်မှု ရှိနေခဲ့ပါတယ်။ အဲဒီအတွက် ဓါတ်ပုံ အရည်အသွေး ကျဆင်းစေပါတယ်။

အခုတော့ ZTE က ရုပ်ထွက် မှုန်ဝါးခြင်း ၊ အလင်းပြန်ခြင်း မရှိတဲ့ အဲဒီနည်းပညာ အလုပ်လုပ်ပုံကို ဝီဘိုမှာ ရှင်းပြလိုက်ပါတယ်။ ZTE က အလင်းပြန်ခြင်း မရှိတဲ့ Coating ပါတဲ့ အထူး Film ပြား ၁ ခုကို အသုံးပြုထားပြီး မျက်နှာပြင်ရဲ့ Transparency ကို မြှင့်တင်ပေးသလို ရုပ်ထွက် အရည်အသွေးကိုလည်း မကျစေပါဘူး။

Axon 20 5G ရဲ့ မျက်နှာပြင်မှာ  ဒီနေ့ခေတ်ပေါ် စမတ်ဖုန်းတွေမှာလိုပဲ Protective Glass, A Polarizer, Touch Panel, An Encapsulation Glass,  OLED Panel  နဲ့ ချောမွတ်စွာ အလုပ်လုပ်ဖို့ လိုအပ်တဲ့ တခြား အစိတ်အပိုင်းတွေ ပါတဲ့ အလွှာ ၇ ခု ထည့်သွင်းထားပါတယ်။ အရေးကြီးတဲ့ အလွှာ အားလုံးမှာ အလင်းပြန်ခြင်း မရှိတဲ့ Coating ကို ထည့်သွင်းထားပြီး ကင်မရာ ကနေ ဓါတ်ပုံ ရိုက်တဲ့အခါမှာ မျက်နှာပြင်ရဲ့ Transparency ကောင်းတဲ့အတွက် ရုပ်ထွက် ကောင်းမွန်စေပါတယ်။

ZTE က အဲဒီ Coating Material အသစ်ကို ဖန်တီးရတာ အကြီးမားဆုံး စိန်ခေါ်မှုလို့ပြောပါတယ်။ လာမယ့် ၁ ရက်နေ့မှာတော့ ZTE Axon 20 5G ကို တရားဝင် ချပြတော့မှာ ဖြစ်ပြီး မျက်နှာပြင်အောက် ကင်မရာကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို လေ့လာနိုင်တော့မှာပါ။ အဲဒီဖုန်းကို တရုတ် ပြင်ပမှာ ရောင်းမလားဆိုတာ မသိရသေးပေမယ့် ZTE ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကမ္ဘာအဝန်းမှာ Axon Device တွေကို ရောင်းချပေးခဲ့ပါတယ်။ အဲဒီအတွက် Axon 20 5G ကိုလည်း ကမ္ဘာအဝန်းမှာ ဝယ်ယူနိုင်မယ်လို့ ထင်ပါတယ်။

Gsmarena က အဲဒီဖုန်းရဲ့ ဆဲလ်ဖီး ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံ ၁ ပုံကို ရထားပြီး အောက်မှာ လေ့လာနိုင်ပါတယ်။

Ref : gsmarena