Apple ဟာ Mac Mini မော်ဒယ်အသစ်ကို ထုတ်လုပ်ရောင်းချဖို့ စီစဉ်နေတယ်လို့ Bloomberg သတင်းထောက် Mark Gurman က ပြောပါတယ်။ လာမယ့် လအနည်းငယ်အတွင်း အဲဒီ စွမ်းရည်မြင့် M1X Mac Mini ကို ကြေညာနိုင်ပြီး ဒီဇိုင်း ဆန်းသစ်ထားကာ လက်ရှိ မော်ဒယ်ထက် Ports တွေ ပိုများလာမယ်လို့ သတင်းပေါက်ကြားလာပါတယ်။

The next Mac mini: Smaller, speedier model due later this year | Macworld

Apple ဟာ ပြီးခဲ့တဲ့ နှစ်နှောင်းပိုင်းက M1 Processor ပါတဲ့ Mac Mini ကို ရောင်းချခဲ့ပေမယ့် စွမ်းရည် အရမ်း မမြင့်ပါဘူး။ ဒါ့အပြင် ၂၀၁၈ ခုနှစ်က ရောင်းချခဲ့တဲ့ စွမ်းရည်မြင့် မော်ဒယ်လောက် Ports တွေ မများပါဘူး။ M1 Mini မှာ Thunderbolt Ports ၂ ခု ပိုနည်းပြီး ၁ ခုဟာ External Display အတွက် အသုံးပြုဖို့ ဖြစ်ပါတယ်။

Apple Mac mini (M1, 2020) review | TechRadar

M1X နာမည်သာ မှန်မယ်ဆိုရင် မော်ဒယ် အသစ်မှာ M1 မှာလို မျိုးဆက်တူ CPU Cores တွေပါလာမှာ ဖြစ်ပေမယ့် အရွယ်ကြီး Chip မှာ CPU နဲ့ GPU Cores တွေ ပိုများလာမယ့်အတွက် စွမ်းရည် ပိုမြင့်မားမှာ ဖြစ်ပါတယ်။ ဒါဟာ Apple ပြီးခဲ့တဲ့ iPad မော်ဒယ်တွေအတွက် “X” Processor တွေကို ဒီဇိုင်းထုတ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။

လက်ရှိ M1 Mac Mini ဟာ တော်တော်ကောင်းတဲ့  ကွန်ပြူတာ ဖြစ်ပေမယ့် ပရော်ဖက်ရှင်နယ် သမားတွေ အသုံးပြုဖို့အတွက် အကန့်အသတ်တွေ ရှိပါတယ်။ Gurman ဟာ အရင်ကလည်း Mac Mini အသစ်အကြောင်း သတင်းပေးခဲ့ဖူးပြီး အခုတော့ ပိုမိုသေချာတဲ့ အရိပ်အယောင်တွေကို ပြောပြလာပါပြီ။

Ref : theverge