[Unicode]

နောက်လမှာ Mobile World Congress 2020 နည်းပညာ ပြပွဲကို ခမ်းခမ်းနားနား ကျင်းပတော့မှာ ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီများစွာက ထုတ်ကုန် အသစ်တွေကို အပြိုင်အဆိုင် ပြသကြတော့မှာပါ။ Vivo, TCL, Realme, Sony and Motorola တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ အတည်ပြုထားကြပြီးပါပြီ။ အခုတော့ Nokia ဖုန်းတွေကို ထုတ်လုပ်နေတဲ့ HMD Global က နောက်လ ၂၃ ရက်မှာ ထုတ်ကုန်အသစ်တွေကို ချပြမယ်လို့ အတည်ပြုလိုက်ပါတယ်။

HMD Global က စွမ်းရည်သင့် စမတ်ဖုန်း အသစ်တွေကို ကြေညာနိုင်ပြီး စွမ်းရည်မြင့် Nokia 9.2 လည်း ပါလာနိုင်ပါတယ်။ တခြား ကြေညာနိုင်တဲ့ ဖုန်းတွေက Nokia 4.3 ၊ စွမ်းရည်နိမ့် Nokia 1.3 နဲ့ Nokia 400 Feature ဖုန်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် 5G ပါတဲ့ Nokia 8.2 ကိုလည်း ချပြနိုင်ပြီး စွမ်းရည်သင့်ထက် အနည်းငယ် ပိုလန်းမှာပါ။

ဖုန်း အသစ်တွေ အပြင် HMD က Accessories အသစ်တွေကို ကြေညာနိုင်ပါတယ်။ Fitness Tracker ၁ လုံးလည်း ပါလာနိုင်ပြီး Nokia ဟာ Fitness Tracker နယ်ပယ်မှာ အပြိုင်ကြဲတော့မှာပါ။ Nokia ဟာ စွမ်းရည်သင့် ဖုန်း နယ်ပယ်မှာ အဓိက ယှဉ်ပြိုင်နေပေမယ့် စွမ်းရည်မြင့် ဖုန်းတွေ သိပ်မထုတ်ဖြစ်ပါဘူး။ အခုတော့ Nokia 9.2 နဲ့ စွမ်းရည်မြင့် ဖုန်းဈေးကွက်ကို ဝင်ရောက်တော့မှာပါ။

တချို့ကလည်း MWC မှာ Nokia ရဲ့ စွမ်းရည်မြင့် ဖုန်းကို မြင်ရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ၂၀၂၀ ပထမနှစ်ဝက်မှာ ကြေညာမယ်လို့ ပြောနေကြပါတယ်။ Nokia 9.2 မှာ နောက်ဆုံးထုတ် Snapdragon 865 ပါလာနိုင်ပေမယ့် ပြိုင်ဖက် စွမ်းရည်မြင့် ဖုန်းတွေထက် ဈေးသက်သာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizchina

[Zawgyi]

Nokia 9.2 ကို ေနာက္လ ၂၃ ရက္ေန႔မွာ ေၾကညာမလား?

ေနာက္လမွာ Mobile World Congress 2020 နည္းပညာ ျပပြဲကို ခမ္းခမ္းနားနား က်င္းပေတာ့မွာ ျဖစ္ၿပီး ကမာၻ႔ထိပ္တန္း နည္းပညာ ကုမၸဏီမ်ားစြာက ထုတ္ကုန္ အသစ္ေတြကို အၿပိဳင္အဆိုင္ ျပသၾကေတာ့မွာပါ။ Vivo, TCL, Realme, Sony and Motorola တို႔က အဲဒီပြဲမွာ ပါဝင္ ျပသဖို႔ အတည္ျပဳထားၾကၿပီးပါၿပီ။ အခုေတာ့ Nokia ဖုန္းေတြကို ထုတ္လုပ္ေနတဲ့ HMD Global က ေနာက္လ ၂၃ ရက္မွာ ထုတ္ကုန္အသစ္ေတြကို ခ်ျပမယ္လို႔ အတည္ျပဳလိုက္ပါတယ္။

HMD Global က စြမ္းရည္သင့္ စမတ္ဖုန္း အသစ္ေတြကို ေၾကညာႏိုင္ၿပီး စြမ္းရည္ျမင့္ Nokia 9.2 လည္း ပါလာႏိုင္ပါတယ္။ တျခား ေၾကညာႏိုင္တဲ့ ဖုန္းေတြက Nokia 4.3 ၊ စြမ္းရည္နိမ့္ Nokia 1.3 နဲ႔ Nokia 400 Feature ဖုန္းေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ 5G ပါတဲ့ Nokia 8.2 ကိုလည္း ခ်ျပႏိုင္ၿပီး စြမ္းရည္သင့္ထက္ အနည္းငယ္ ပိုလန္းမွာပါ။

ဖုန္း အသစ္ေတြ အျပင္ HMD က Accessories အသစ္ေတြကို ေၾကညာႏိုင္ပါတယ္။ Fitness Tracker ၁ လုံးလည္း ပါလာႏိုင္ၿပီး Nokia ဟာ Fitness Tracker နယ္ပယ္မွာ အၿပိဳင္ႀကဲေတာ့မွာပါ။ Nokia ဟာ စြမ္းရည္သင့္ ဖုန္း နယ္ပယ္မွာ အဓိက ယွဥ္ၿပိဳင္ေနေပမယ့္ စြမ္းရည္ျမင့္ ဖုန္းေတြ သိပ္မထုတ္ျဖစ္ပါဘူး။ အခုေတာ့ Nokia 9.2 နဲ႔ စြမ္းရည္ျမင့္ ဖုန္းေဈးကြက္ကို ဝင္ေရာက္ေတာ့မွာပါ။

တခ်ိဳ႕ကလည္း MWC မွာ Nokia ရဲ႕ စြမ္းရည္ျမင့္ ဖုန္းကို ျမင္ရမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ ဒါေပမယ့္ ၂၀၂၀ ပထမႏွစ္ဝက္မွာ ေၾကညာမယ္လို႔ ေျပာေနၾကပါတယ္။ Nokia 9.2 မွာ ေနာက္ဆုံးထုတ္ Snapdragon 865 ပါလာႏိုင္ေပမယ့္ ၿပိဳင္ဖက္ စြမ္းရည္ျမင့္ ဖုန္းေတြထက္ ေဈးသက္သာမယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : gizchina