စာသားလေးရိုက်ထည့်ရုံနဲ့ လက်တွေ့ဆန်တဲ့ ၁၅ စက္ကန့်စာ ဗီဒီယိုအတိုလေးတွေ ဖန်တီးပေးနိုင်တဲ့ ByteDance ရဲ့ AI ဗီဒီယို Tool အသစ် Seedance 2.0 ကို ဟောလိဝုဒ်က ပြင်းပြင်းထန်ထန် ဆန့်ကျင်နေပါတယ်။

Fake video of Brad Pitt-Tom Cruise 'Epstein fight' panics Hollywood

အသုံးပြုသူတစ်ယောက်က စာကြောင်းနှစ်ကြောင်းလောက် ရိုက်ထည့်ရုံနဲ့ တွမ်ခရုစ်နဲ့ ဘရက်ပစ်တို့ ချကြတဲ့ ဗီဒီယိုတစ်ခုကို ဖန်တီးလိုက်ပြီးနောက်မှာ အဲဒီ Tool ဟာ အင်တာနက်ပေါ်မှာ လျင်လျင်မြန်မြန်ပဲ နာမည်ကြီးသွားခဲ့ပါတယ်။ ဒီအပေါ်ကို Deadpool ဇာတ်ညွှန်းရေးဆရာ Rhett Reese က “ငါတို့တော့ သွားပြီ။” လို့ တုံ့ပြန်ခဲ့ပါတယ်။

Motion Picture Association ကလည်း အမေရိကန် မူပိုင်ခွင့်ရှိတဲ့ ဖန်တီးမှုတွေကို ခွင့်ပြုချက်မရှိဘဲ အလုံးအရင်းနဲ့ အသုံးပြုထားတယ်ဆိုပြီး ByteDance ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို Seedance 2.0 ဖြန့်ချိနေတာကို ရပ်တန့်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

Tom Cruise and Brad Pitt Fight Each Other in Viral AI Video

AI ကနေ Spider-Man၊ Darth Vader၊ Grogu နဲ့ တခြား နာမည်ကြီး ဇာတ်ကောင်တွေ ပါဝင်တဲ့ ဗီဒီယိုတွေကို ဖန်တီးလာပြီးနောက်မှာ Disney နဲ့ Paramount တို့ကလည်း လုပ်ငန်းရပ်ဆိုင်းဖို့ သတိပေးစာတွေ (cease-and-desist letters) ထုတ်ပြန်ခဲ့ပါတယ်။ SAG-AFTRA ကလည်း ဒါဟာ သရုပ်ဆောင်တွေရဲ့ ပုံပန်းသွင်ပြင်တွေကို ဗြောင်ကျကျ ချိုးဖောက်မှုပဲလို့ ပြောဆိုခဲ့ပါတယ်။

ByteDance ကတော့ အပြင်က လူအစစ်တွေနဲ့ နာမည်ကြီး အနုပညာရှင်တွေကို ပိတ်ပင်ဖို့ အကာအကွယ်တွေ ထပ်ထည့်နေတယ်လို့ ပြောထားပေမဲ့၊ နာမည်ကြီးသွားတဲ့ ဗီဒီယိုတွေက ထိခိုက်နစ်နာမှုတွေ ဖြစ်စေခဲ့ပြီလို့ ဝေဖန်သူတွေက ငြင်းခုံနေကြပါတယ်။

Ref: Technology Innovation