ဟောင်ကောင် လေကြောင်းလိုင်းရဲ့ ခရီးသည်တင် လေယာဉ် တစ်စီးဟာ မတ်လ ၂၀ ရက်နေ့မှာ ပျံသန်းနေစဉ်  မီးလောင်မှုကြောင့် တရုတ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

Power bank fire' on Hong Kong Airlines flight forces plane to divert to Fuzhou | South China Morning Post

ကံကောင်းတာက ခရီးသည် ၁၆၈ ယောက်နဲ့ လေယာဉ် ဝန်ထမ်း အားလုံး ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။

အဲဒီ လေယာဉ်ဟာ တရုတ် နိုင်ငံ ဟန်ကျိုး ကနေ ဟောင်ကောင်ကို ပျံသန်းစဉ်မှာ ခရီးသည် ခေါင်းအထက်မှ ခရီးဆောင်အိတ်ထားတဲ့ အခန်းမှာ  မီးလောင်တဲ့အတွက် တရုတ် နိုင်ငံ ဖူကျိုးမှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

အဲဒီ မီးလောင်မှုကို အောင်မြင်စွာ ငြှိမ်းသတ်နိုင်ခဲ့ပြီး လေကြောင်းလိုင်းက မီးလောင်ရတဲ့ အကြောင်းအရင်းကို မပြောသေးပါဘူး။

ဒါပေမယ့် လူမှုကွန်ရက် ဗီဒီယိုတွေအရ ခရီးသည် ခေါင်း အထက်က ခရီးဆောင်အိတ်ထားတဲ့ အခန်းကနေ မီးလောင်တဲ့အတွက် ပါဝါဘန့် ကြောင့်လို့ ယူဆရပါတယ်။

လေယာဉ်ပေါ်မှာ ပါဝါဘန့် တွေကြောင့် မီးလောင်မှုဟာ စိုးရိမ်စရာ ဖြစ်လာပါတယ်။

Voo faz pouso de emergência na China após power bank incendiar bagageiro

ဇန်နဝါရီလမှာ Air Busan လေယာဉ်ဟာ လက်ကိုင် ဘက်ထရီ တစ်ခုကြောင့် မီးလောင်ခဲ့ပါတယ်။ အဲဒီနောက်မှာ တောင်ကိုရီးယား အာဏာပိုင်တွေက ပါဝါဘန့် တွေကို သီးခြား ပလတ်စတစ်အိတ်မှာ ထည့်သွင်းယူဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။

မတ်လ အစောပိုင်းမှာ Batik Air လေယာဉ်ဟာ ပါဝါဘန့် မီးလောင်မှုကြောင့် မီးခိုးတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။

တောင်ကိုရီးယား လေကြောင်းလိုင်းရဲ့ ဇန်နဝါရီလ ဖြစ်ရပ် အပြီးမှာ Singapore Airlines, Thai Airways နဲ့ AirAsia တို့ဟာ လေယာဉ်ပေါ်ကို ပါဝါဘန့် ယူဆောင်လာတာကို ပိတ်ပင်မယ်လို့ ကြေညာခဲ့ပါတယ်။

Ref: The Straits Times