ဟောင်ကောင်မှ ဓါတုဗေဒ ပါမောက္ခ တစ်ယောက် တည်ထောင်ထားတဲ့ Hestia Technology Limited က စက်ရုပ်တွေနဲ့ ကမ္ဘာ့ စားဖိုမှူးလောကကို ဆန်းသစ်ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ၃ မိနစ်အတွင်း တရုတ်နဲ့ အီတလီ အစားအစာ အပါအဝင် ဟင်းပွဲ ၂၀၀ ကျော်ကို ချက်ပြုတ်ပေးနိုင်တဲ့ စက်ရုပ် စားဖိုမှူး ၃၀,၀၀၀ ကို ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ စက်ရုပ်တစ်ရုပ်ဟာ ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်တာနဲ့ ချက်ပြုတ်တာ အပြင် မီးဖိုချောင်ကို သန့်ရှင်းရေး ပြုလုပ်နိုင်ပြီး လူသားစားဖိုမှူး ၃ ယောက်နေရာမှာ အစားထိုးနိုင်ပါတယ်။

Robot Chef bilder – Bläddra bland 23,462 stockfoton, vektorer och videor |  Adobe Stock

စက်ရုပ် စားဖိုမှူးတွေဟာ ကုန်ကျစားရိတ်သက်သာစေပြီး စွမ်းအင် သုံးစွဲမှု ၅၀ ရာခိုင်နှုန်း၊ အလုပ်သမား အတွက် ကုန်ကျစားရိတ် ၆၆ ရာခိုင်နှုန်း လျော့နည်းစေပါတယ်။ Hestia ရဲ့ နည်းပညာဟာ မီးဖိုချောင်မှာ စွန့်ပစ်ပစ္စည်းတွေကို လျှော့ချပေးနိုင်ပြီး ထိခိုက်ဒဏ်ရာရမှုကို ကာကွယ်ပေးနိုင်ပါတယ်။

The rise of AI: A Robot Chef that tastes and cooks like a human

စက်ရုပ်တွေကို SyncKitchen Cloud က မောင်းနှင်ပေးမှာ ဖြစ်ပြီး စားသောက်ဆိုင်တွေဟာ ဟင်းချက်နည်း Library ကို အသုံးပြုနိုင်မှာ ဖြစ်သလို  Customize ဟင်းပွဲတွေကို ထုတ်နိုင်မှာ ဖြစ်ပါတယ်။ Hestia ဟာ အစားအစာနဲ့ နည်းပညာကို ပေါင်းစပ် အသုံးချထားတာ ဖြစ်ပြီး အနာဂတ်မှာ စက်ရုပ် စားဖိုမှူးများစွာ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

Ref : Tech Explorers