ယမန်နေ့က Honor 30 စီးရီးမိတ်ဆက်ပွဲကြီးအပြီးမှာတော့ Honor ကုမ္ပဏီဟာ အီတလီဈေးကွက်အတွက် ဟန်းဆက်အသစ်တစ်ခုကို ထပ်မံမိတ်ဆက်ခဲ့ပါတယ်။

Honor 20E လို့အမည်ပေးထားတဲ့ ဟန်းဆက်ဟာ Honor 20 Lite (တချို့ဈေးကွက်တွေမှာ Honor 10i) ကို ကြီးမားစွာအခြေခံထားပြီး သိသာတဲ့ကွာခြားချက်တစ်ခုက Honor 20 Lite မှာ ပါဝင်တဲ့ 32MP ဆဲလ်ဖီကင်မရာအစား 8MP သို့ ပြောင်းလဲထားတာဖြစ်ပါတယ်။

Honor 20E ရဲ့ရှေ့ဘက်မှာ 6.21” IPS Display ပါဝင်ကာ 8MP ဆဲလ်ဖီကင်မရာကို Waterdrop Notch ထဲမှာ နေရာချထားပါတယ်။ နောက်ဘက်မှာ 24MP အဓိကကင်မရာကို 8MP Ultrawide ၊ 2MP Depth Sensor တို့နဲ့ တွဲဖက်ထားတယ်။ Fingerprint Scanner ကိုလည်း နောက်ကျောမှာပဲ ထည့်သွင်းထားပါတယ်။

အတွင်းမှာ Kirin 710F ချစ်ပ်ဆက်ကို အသုံးပြုထားပြီး 4/64GB မန်မိုရီအတွဲဖြစ်ပါတယ်။ 3,400 mAh ဘက္ထရီကို 10W အားသွင်းစနစ်နဲ့တွဲဖက်ထားတယ်။ Software စနစ်ကတော့ Android 9 OS အခြေခံ EMUI 9.1 နဲ့သုံးရမှာပါ။ Honor 20E စမတ်ဖုန်းကို အနက်နဲ့ အပြာနှစ်မျိုးဖြင့် ရောင်းချလာပြီး ဈေးနှုန်းက ယူရို ၁၈၀ (မြန်မာငွေ နှစ်သိန်းရှစ်သောင်းနီးပါး) သတ်မှတ်ထားပါတယ်။

Ref – GSM Arena