[Zawgyi]

Honor 20 Pro ဟာ Quad Camera Setup နဲ႔အတူ ပြဲထြက္ခဲ့တဲ့ စမတ္ဖုန္းျဖစ္ၿပီး၊ Aperture f/1.4 အက်ယ္ရွိ 48MP Main Camera ကို 16MP (f/2.2) Ultrawide Sensor + 8MP (f/2.4) (3x Optical Zoom) Telephoto Lens + 2MP (f/2.4) Macro Camera ေတြနဲ႔ ေနာက္ေက်ာဘက္မွာ တြဲဖက္တပ္ဆင္ထားတာ ျဖစ္ပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္မွာရွိတဲ့ Display အေပါက္ထဲမွာေတာ့ Aperture f/2.0 အက်ယ္ရွိ 32MP Selfie Camera ကို တပ္ဆင္ထားမွာပါ။ Optical Image Stabilization လို႔ေခၚတဲ့ OIS ကို ဗီဒီယို႐ိုက္ကူးတဲ့အခါမွာ တုန္လႈပ္မႈေလ်ာ့နည္းေစရန္အတြက္ Main Camera နဲ႔ Telephoto Lens ေတြမွာ ထည့္သြင္းတပ္ဆင္ေပးထားပါတယ္။

Honor 20 Pro ရဲ႕ ေက်ာဘက္ကင္မရာဟာ DxOMark Mobile မွာ စုစုေပါင္း ရမွတ္ ၁၁၁မွတ္ ရရွိထားၿပီး၊ ကင္မရာ အေကာင္းဆုံး စမတ္ဖုန္းအျဖစ္ တတိယေနရာမွာ OnePlus 7 Pro နဲ႔အတူ ပူးတြဲရပ္တည္ေနၾကတာ ေတြ႕ရပါတယ္။ ပထမ ၂ေနရာကိုေတာ့ Huawei P30 Pro နဲ႔ Samsung Galaxy S10 5G တို႔က စုစုေပါင္း ရမွတ္ ၁၁၂မွတ္နဲ႔ ပူးတြဲသိမ္းပိုက္ထားၾကပါတယ္။ Honor 20 Pro ရဲ႕ Selfie Camera ရလဒ္ကိုေတာ့ DxOMark Mobile က ထုတ္ျပန္ေၾကညာထားျခင္း မရွိေသးပါဘူး။

DxOMark Mobile ဟာ စမတ္ဖုန္း ကင္မရာ Review တိုင္းအတြက္ ဓာတ္ပုံ စုစုေပါင္း ၁၅၀၀ ေက်ာ္၊ ဗီဒီယို ၂နာရီေက်ာ္ ႐ိုက္ကူးၿပီး စမ္းသပ္စစ္ေဆးတယ္လို႔ သိရပါတယ္။ Honor 20 Pro ကိုလည္း အလားတူနည္းအတိုင္း စမ္းသပ္စစ္ေဆးရာ ဓာတ္ပုံရမွတ္မွာ ၁၁၇မွတ္ ရရွိၿပီး ဗီဒီယိုရမွတ္မွာ ၉၇မွတ္ ရရွိထားတာ ေတြ႕ရပါတယ္။ DxOMark Mobile အေနနဲ႔ Honor 20 Pro ရဲ႕ ကင္မရာအရည္အေသြးကို ထင္ရွားေပၚလြင္ေစဖို႔အတြက္ OnePlus 7 Pro , Samsung Galaxy S10 5G , Huawei P30 Pro , Xiaomi Mi 9 တို႔နဲ႔ ႏႈိင္းယွဥ္႐ိုက္ကူး ေဖာ္ျပေပးထားပါတယ္။

အဆိုပါ ဓာတ္ပုံေတြထဲက တခ်ိဴ႕ကို ေအာက္မွာၾကည့္ရႈႏိုင္ပါတယ္။

Ref : DxOMark Mobile

[Unicode]

Honor 20 Pro က ကင်မရာအကောင်းဆုံး စမတ်ဖုန်းအဖြစ် တတိယနေရာမှာ ပူးတွဲရပ်တည် (DxOMark)

Honor 20 Pro ဟာ Quad Camera Setup နဲ့အတူ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်းဖြစ်ပြီး၊ Aperture f/1.4 အကျယ်ရှိ 48MP Main Camera ကို 16MP (f/2.2) Ultrawide Sensor + 8MP (f/2.4) (3x Optical Zoom) Telephoto Lens + 2MP (f/2.4) Macro Camera တွေနဲ့ နောက်ကျောဘက်မှာ တွဲဖက်တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာရှိတဲ့ Display အပေါက်ထဲမှာတော့ Aperture f/2.0 အကျယ်ရှိ 32MP Selfie Camera ကို တပ်ဆင်ထားမှာပါ။ Optical Image Stabilization လို့ခေါ်တဲ့ OIS ကို ဗီဒီယိုရိုက်ကူးတဲ့အခါမှာ တုန်လှုပ်မှုလျော့နည်းစေရန်အတွက် Main Camera နဲ့ Telephoto Lens တွေမှာ ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။

Honor 20 Pro ရဲ့ ကျောဘက်ကင်မရာဟာ DxOMark Mobile မှာ စုစုပေါင်း ရမှတ် ၁၁၁မှတ် ရရှိထားပြီး၊ ကင်မရာ အကောင်းဆုံး စမတ်ဖုန်းအဖြစ် တတိယနေရာမှာ OnePlus 7 Pro နဲ့အတူ ပူးတွဲရပ်တည်နေကြတာ တွေ့ရပါတယ်။ ပထမ ၂နေရာကိုတော့ Huawei P30 Pro နဲ့ Samsung Galaxy S10 5G တို့က စုစုပေါင်း ရမှတ် ၁၁၂မှတ်နဲ့ ပူးတွဲသိမ်းပိုက်ထားကြပါတယ်။ Honor 20 Pro ရဲ့ Selfie Camera ရလဒ်ကိုတော့ DxOMark Mobile က ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။

DxOMark Mobile ဟာ စမတ်ဖုန်း ကင်မရာ Review တိုင်းအတွက် ဓာတ်ပုံ စုစုပေါင်း ၁၅၀၀ ကျော်၊ ဗီဒီယို ၂နာရီကျော် ရိုက်ကူးပြီး စမ်းသပ်စစ်ဆေးတယ်လို့ သိရပါတယ်။ Honor 20 Pro ကိုလည်း အလားတူနည်းအတိုင်း စမ်းသပ်စစ်ဆေးရာ ဓာတ်ပုံရမှတ်မှာ ၁၁၇မှတ် ရရှိပြီး ဗီဒီယိုရမှတ်မှာ ၉၇မှတ် ရရှိထားတာ တွေ့ရပါတယ်။ DxOMark Mobile အနေနဲ့ Honor 20 Pro ရဲ့ ကင်မရာအရည်အသွေးကို ထင်ရှားပေါ်လွင်စေဖို့အတွက် OnePlus 7 Pro , Samsung Galaxy S10 5G , Huawei P30 Pro , Xiaomi Mi 9 တို့နဲ့ နှိုင်းယှဥ်ရိုက်ကူး ဖော်ပြပေးထားပါတယ်။

အဆိုပါ ဓာတ်ပုံတွေထဲက တချိူ့ကို အောက်မှာကြည့်ရှုနိုင်ပါတယ်။

Ref : DxOMark Mobile