Honor 30S ရဲ့ သတင်းတွေကတော့ မတ်လအကုန်မှာ မြစ်ကျဉ်းတစ်ခုက စီးဆင်းလာသလိုပဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ မတ်လလယ်တုန်းက Honor 30S ရဲ့ Render စတင်ထွက်လာခဲ့ပြီးတဲ့နောက် ကျောဘက်ကင်မရာ ၄ လုံးအကြောင်း၊ 5G Chipset အသစ်အကြောင်း၊ အရောင်တွေအကြောင်း စတာတွေ ဆက်တိုက်ဆိုသလို ပေါ်ထွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာတော့ Honor 30S မှာ Kirin 820 Chipset ကို သုံးထားမယ်လို့ အတည်ပြုသတင်း ထွက်ပေါ်လာပါတယ်။ ဒီသတင်းထွက်ပြီး ရက်ပိုင်းအတွင်းမှာပဲ Honor 30S ရဲ့ Kirin 820 ဟာ Snapdragon 765G ကို အသာစီးရသွားကြောင်း AnTuTu က ဖော်ပြခဲ့ပြန်ပါတယ်။

ဒီရက်ပိုင်းအတွက် ထွက်လာတဲ့သတင်းတွေက Honor 30S မှာ 64MP အဓိကကင်မရာနဲ့ 3x Optical Zoom ပါဝင်မယ်ဆိုတာနဲ့ 40W အားသွင်းစနစ် ပါဝင်လာမယ်ဆိုတာပါ။ ဒါ့အပြင် အနက်ရောင်နဲ့ အစိမ်းရောင်ကိုယ်ထည်ရှိတဲ့ Render ပုံရိပ်သစ်တွေ ထပ်ပြီးထွက်ပေါ်လာခဲ့တာပါ။

ဒီနေ့မှာတော့ နောက်ဆုံးသတင်းအဖြစ် ဈေးနှုန်းပေါက်ကြားလာပါတယ်။ တရားဝင် အရောင်းဆိုင်တွေကနေ ပေါက်ကြားလာတာဖြစ်တဲ့အတွက် ရာနှုန်းပြည့် မှန်န်တယ်လို့ ဆိုပါတယ်။ သတင်းအရ Honor 30S ဟာ ၂၆၉၉ယွမ် (ဒေါ်လာ ၃၈၀) ကနေ စတင်မယ်လို့ ဆိုပါတယ်။ မြန်မာငွေနဲ့ဆိုရင် ၅ သိန်း ၃ သောင်းဝန်းကျင် ဖြစ်ပါလိမ့်မယ်။

Honor 30S ဟာ တန်းမြင့် Mid-range 5G ဖုန်းဖြစ်ပြီး Kirin 820 processor, 8GB of RAM, 128GB of storage ကနေ စတင်မှာ ဖြစ်ပါတယ်။ FHD+ punch-hole display အမျိုးအစားဖြစ်ပါတယ်။ ဒီနေ့မှာ Honor 30, Honor 30 Pro နဲ့ Honor 30S တို့ကို အတူတစ်ကွ မိတ်ဆက်ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

Ref: Gizmochina